သုက ။
"ဝိုင် မပြန်ဘူးလား"
"အင်း၊ သွေးသစ်ကို မေးစရာရှိသေးလို့ "
"ဒါဆို ကျွန်တော် ပြန်နှင့်မယ်"
"အင်း"
သုက သစ်လုံးအိမ်မှ ဆင်းသွားချိန်မှ
"သွေးသစ် ဘယ်အချိန် ပြန်လိုက်မလဲ၊ ပြန်လာချင်တယ်ဆိုရင် ငါ အားလုံးစီစဉ်ပေးမယ်"
"မပြန်ချင်သေးဘူးအမ၊ ကျွန်တော် ဒီမှာပျော်တယ်"
အနောက် showcase မှ RAM ပုလင်းများချလာသည်။
"အမစိတ်ညစ်စရာရှိနေလား၊ ဒါတွေက အမ နဲ့ အဆင်မပြေဘူးလေ"
သူမ ရယ်လိုက်သည်။
"တခါလေတော့ ဘာမှ မဖြစ်ပါဘူး၊ "
သွေးသစ်က
"အမ သူ့ကို မတားဘူးလား"
ဝိုင် ram ပုလင်းဖွင့်ပြီး ဖန်ခွက်ထဲ ထည့်လိုက်သည်။
"သူ မနေချင်ဘူး။ စိတ်ဆင်းရဲအောင် ဘာလို့လုပ်နေမလဲ၊ ပျော်ရာပဲနေပေါ့"
"မင်း မသောက်ဘူးလား၊ ပြီးတော့ အပေါ်ထပ်မှာ ငါအိပ်မယ်နော်၊ မင်း ဒီမှာပဲ အိပ်လိုက် တရက်တော့"
"ကျွန်တော် အဆင်ပြေပါတယ် အမ"
ဝိုင် ဖန်ခွက်ထဲမှ နီညိုရောင် Ram ကို မော့သောက်ရင်း
"ဒါကြောင့် ငါ သူနဲ့မတွေ့ချင်တာ ၊တွေ့ရင် ပြန်ပို့ရတော့မယ်လေ၊အခုပဲကြည့်"
"သူ အမကို စိတ်ခုနေတာ တခုခုရှိနေရင်ကော၊ အထင်လွဲနေတာ ဖြစ်ဖြစ်၊ "
ဝိုင်က
"ငါ သူ့ကို သတ်ဖို့လုပ်ခဲ့တယ်လေ။ သူ စိတ်နာနေမှာပဲ"
သွေးသစ် လဲ RAM တခွက်ယူရင်း
"အင်း ဟုတ်တယ်၊အမ အရင်လို ပြန်ဖြစ်သွားမှာတော့ ကျွန်တော် စိုးရိမ်တယ်"
ဝိုင်ရယ်လိုက်သည်။ နောက်
"အချိန်ကြာလာရင် အသားကျသွားမှာပေါ့"
"နောက်ထပ် လေးနှစ်လား အမ"
ဝိုင်ရယ်လိုက်သည်။ ဖန်ခွက်ထဲမှ အရက်အကုန်မော့သောက်လိုက်သည်။