နိုး သတိရလာပြီ။ အချိန်အရမ်းမကြာလိုက်ပါ။ သူမ နိုးလာချင်း စိတိပူမိတဲ့ အရာက ထင်သလိုမဖြစ်ပါ။ သူမ ဘေးက ကုတင်တွင် ဝိုင်ရှိနေတဲ့အတွက်ဖြစ်သည်။
သွေးသစ်ရဲ့
"ကျေးဇူးပဲ၊ မင်းအရင်နိုးလာတာ"
"မ အခြေအနေကကော"
"သတိမလည်သေးဘူး။ မင်း အဆင်ပြေလား"
"အင်း"
"လမ်းလျှောက်နိူင်လား"
နိုး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူမ အဆင်ပြေနေသည်။ ဒါကြောင့် ခေါင်းညိတ်တော့
"ကိုယ်နနဲ့ ခန လိုက်ခဲ့ ပြောစရာရှိတယ်"
နိုး ခေါင်းညိတ်ရင်း ဒရစ်ချိတ်ထားသည်ကို ဖြုတ်လိုက်ပြီး
အခန်းထဲမှ ထွက်လာသည်။ အခန်းနဲ့ ဝေးရာကို လျောက်လာပြီး နားနေဆောင်တွင်
"ထိုင်ပါအုံး၊"
နှစ်ယောက်ဘေးချင်းယှဉ်ထိုင်ရင်း
"နိုး အဆင်ပြေရဲ့လား၊ အဖမ်းခံထားရတဲ့အချိန် ၂လ လောက်"
"ပြေပါတယ်။ နိုးကို အနှောက်အယှက်မပေးဘူး၊ "
"ဘယ်လိုလုပ် သူတို့ဖမ်းတာပါသွားတာလဲ၊ "
နိုးက သက်ပြင်းချပြီး။ ခေါင်းငုံ့ကာ
"နိုးကို အကြမ်းမဖက်ပါဘူး။ နိုး တမင်လိုက်သွားတာ"
သွေးသစ် မျက်နှာ ချက်ချင်းတင်းမာသွား သည်။ နောက်
"ဘယ်လိုလုပ်ရက်တာလဲ၊ မင်းပျောက်သွားကတည်းက အမ အရူးတပိုင်း၊ မင်းဖိနပ်နဲ့ ဖိုင်တွဲတွေ့ကတည်းက သူ့ကြောင့်သတ်သေတာ ခြည်း ယူဆရင်း၊ မအိပ်နိူင်မစားနိူင်၊ အခု ။ သူအရမ်းလိုချင်တဲ့ ကျွန်း ။မင်းကို ပြန်ရမှာဆိုပြီး တချက်မစဉ်းစားဘဲ၊သူ စွန့်လွတ်လိုက်တယ်"
နိုး အပြစ်ရှိသူပြီပြီ။ ခေါင်းငုံ့နေသည်။
"မင်းကဘာမို့လို့ အမ ကို ဒီလိုဖြစ်စေတာလဲ။ အခုဘဲ အမ ဒဏ်ရာနဲ့ အိပ်ရာပေါ်လဲနေပြီ။ သူ့အသကိကို ပါ မင်းနဲ့မြှားပြီးရန်ရှာရေအာင်၊မင်း လုပ်ရက်တယ်"
![](https://img.wattpad.com/cover/217012053-288-k382983.jpg)