ပြောတဲ့အတိုင်း လုပ်တက်တဲ့ နိုးနိုးမျက်ခြယ်ကြောင့် မနေ့ည သူမ ကိုအိမ်ပြန်ပို့ပြီးနောက် တရက် အမှန်ပင်ရောက်ချ လသည်။ သူငယ်ချင်းအိမ်မှာ စာလုပ်မည်ဆိုသော အကြောင်းပြချက်နဲ့ရောက်နေပြီး။ မနက် 9;00 ကနေ ညနေ ၆နာရီကျော်မှာ ပြန်သည်။
Y ကို ရောက်သည့်နေ့ကတည်းကပြောတဲ့ သူငယ်ချင်းတွေ လာြကိုမှာ မ။ အိမ်က မသိအောင်လာနေတာ သူမ သတိထားမိသည်။
သို့ပေမယ့် သူမ အားလပ်ရက်တွေမှာ တော့ အရင်လိုတိတ်ဆိတ်မနေတော့ပါ။ သူမ နေထိုင်တဲ့ ပတ်ဝန်းကျင်က အသက်ဝင်လာသလိုပါဘဲ။
ခါတိုင်းဆိုရင် ဘားကနေ စားသောက်စရာ ယူပေမယ့် နိုးရောက်လာပြီးနောက် မချက်တာကြာပြီဖြစ်တဲ့ ထမင်း ဟင်း လဲပြန်ချက်ဖြစ်သည်။
ယ နေ့လဲ သူမ ဧည့်ခန်းထဲတွင် စာတွက်နေသော နိုး အတွက် စတော်ဘယ်ရီကို စက်နဲ့ဖျော်ပြီး ရေခဲအနဲငယ်ထည့်ကာ သူမ စာကြည့်စာပြဲပေါ် ခပ်လှမ်းလှမ်းတွင် ချပေးထားလိုက်သည်။
သန့်ရှင်းရေးလုပ်ဖို့ သူမ ရဲ့ အိပ်ခန်းဘက်ထွက်လျောက်လာသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. အခန်းအတွင်း ခန်းဆီကို အဆုံးထိဆြဲလှပ်လိုက်တော့ အိပ်ခန်းကျယ် အတွင်း လင်းချင်းသွားသည်။
အိပ်ရာပေါ်မှမခေါက်ရသေးသော အပေါ်လွာကို ဆွဲယူပြီး ခေါက်လိုက်သည်။ နောက် အိပ်ရာခင်းကို ပြန်ဖြန့်ပြီး အဝတ်လဲခန်းဘက်ကူးလာသည်။ လျှော်ဖို့ ထည့်ထားသော အဝတ်ချင်းမှာ ပြည့်နေပြီဆိုတော့ မယူပြီး တွဲလျက်ရေချိုး ခန်းထဲ မှ အဝတ်လျှောက်စက်ထဲ ထည့်နေစဉ်
"မ အလုပ်ရှူတ်နေလား၊"
ဆိုတော့ သူမ တချက်လှည့်ကြည့်ပြီး အဝတ်လျော်စက်ထဲ ဆပ်ပြာထည့်ကာ ခလုပ်နှိပ်လိုက်သည်။ နောက်
