ခွဲစိတ်ခန်းထဲ မှ ထွက်လာပြီး တရက်ခန့်သတိပြန်မလည် ဘဲ မေ့ဆေးအရှိန်နှင့်အိပ်ပျော်နေပြီး သတိပြန်လည်လာချိန် ပထမဆုံးတွေ့လိုက်ရသည့် အမည်မသိ လူတစ်ယောက်ကြောင့် နိုး သတိပြန်လစ်မလိုပင်ထိတ်လန့်ခဲ့ရသည်။
သူမ ကုတင်ဘေးတွင် Heart monitor နှင့် သွင်းလက်စ ဆေးပုလင်း။
ဆေးရုံမှာမဟုတ်တာတော့ သေချာသည်။ သူမ မမြင်ဖူးတဲ့သူရဲ့ စိုက်ကြည့်နေသော အကြည့်တွေကြောင့် နိုး အနေကြုံ့သည်။
"စိတ်မကောင်းဘူး၊မင်း အတွက် ၊ ပထမဆုံး မင်းမိဘတွေကို တွေ့ခွင့်မရဘူး၊ ပြီးတော့ Y ကိုတွေ့ရမှာလဲ နောက်ဆုံးဖြစ်နိူင်တယ်"
နိုး မျက်လုံးပြူးသွားသည်။ မ ကို ဘာလုပ်ဖို့ လဲ။
"Y မကြာခင် ရောက်လာလိမ့်မယ်၊ မင်း က သူ့အတွက်အနှောက်အယှက်ဆိုတာ သိမှာပါ"
ထိုစဉ် လူတစ်ယောက် တံခါးဖွင့်ဝင်လာသည်။
"သူဌေး"
ထိုလူက လမ်းဖယ်ပေး တော့ မ ရဲ့ သူဌေး ကို တွေ့လိုက်ရသည်။
"သတိရလာပြီလား"
အပြုံးနှင့်သူမကိုမေးလာတော့ နိုး ငြိမ်ပြီးကည့်နေသည်။
မင်းနောင် သူမ ဆီလျှောက်လာရင်း
"Y နဲ့ က ညီအမ တွေ လို့ကြားတယ်၊ Y တခုခု ဖြစ်သွားရင် မင်းအတွက် အကာအကွယ် မရှိ ဘဲနေမှာဆိုးတယ်၊ ဒါကြောင့် သူ့အစားစောင့်ရှောက်ထားတာ စိတ်မပူနဲ့၊"
တံခါးခေါက်သံနှင့်အတူ နောက်ထပ်လူတစ်ယောက်ဝင်လာသည်။ နိုးက
"ဒါ ဘယ်နေရာလဲ"
မင်းနောင်က
"ကျွန်တော့အိမ်မှာပါ ဒီမှာကြည့်"
ကုတင်နှင့်မျက်နှာချင်းဆိုင်နံရံဆီ သွားပြီး ခန်းစီးစ ဆွဲ လိုက်သည်နှင့် အဆင့်အတန်းမြင့်သော ဧည့်ခန်းတခုက စီးကြိုနေသည်။
"သူဌေး"
"အင်း ပြော"
"Y အဖမ်းခံရတယ် "
"ဘာ "
နိုး မျက်မှောင်ကုတ်သွားသည်။
"ဘယ်လိုလုပ်ဖြစ်နိူင်မှာလဲ ငါ သေချာမှာ ထားတယ်"
