အပိုင်း ၃၂

29 3 0
                                    

ဝိုင်။

မြင်လိုက်ရတဲ့ မြင်ကွင်းက သူမ နှလုံးသားတစ်ခုလုံးကို ဆုတ်ဖြဲခံလိုက်ရသလိုပါဘဲ။ အသက်ရူစက်တပ်ထားပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုံနူန်'ကို Heart monitor ကနေမြင်လိုက်ရသည်က သူမမ မြင်ချင်ဆုံးပါဘဲ။

နေရာမှာတင်ရပ်ကြည့်နေသည်က ဧည့်သည် မိုးမင်းအိမ်ကြောင့် ဆိုပေမယ့် သူမ မျက်ရည်ဝဲနေတာကြောင့် ထွဍ်ခေါင် သူမကျောကို အသာပုတ်ပြီး နှစ်သိမ့်ပေးသည်?

"အမ ကို အသိမပေးပါနဲ့လို့ သူသတိမလစ်ခင် အထပ်ထပ်တောင်းဆိုနေတာကြောင့် ကျွန်တော် ကိုထွဍ်ခေါင်ဆီအ၇◌င် ဆက်သွယ်လိုက်တာ"

သူမလဲ သိသည်။ ကျွန်ပေါ်မှာ သူမ မေ့လဲသွားသေးတယ်လေ။ အသက်ရူနိုင်အောင်လုပ်ပေးပြီး မသိချင်ယောင်ဆောင်ခဲ့ ပေမယ့် ယခုလိုချက်ချင်းကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ပါ။

အခုတော့။

"ဆရာဝန်ဘာပြောလဲ"

"သတိလည်လာဖို့နဲ့ ဆေးထပ်စစ်ဖို့ ပြောပါတယ်၊ သေချာတာက နှလုံးအစားအမြန်ထိုးဖို့ပါ၊ အစားမထိုးရင် အချိန်သိပ်------"

ထွဍ်ခေါင်ချောင်းဟန့်လိုက်တော့ သွေးသစ်စကားပျက်သွားသည်။ ဒီတစ်ခါလဲ ငါ့ကြောင့်ပဲ။ သူမကို စာတွေ ဇွတ်ဖိ ခိုင်းခဲ့တယ်, အဝေးကိုတွန်းပို့ဖို့ Plan တွေချနေခဲ့တာ။

မိုးမင်းအိမ်က

"နှလုံးအစားထိုးဖို့ ကိုယ်ကူညီမယ်၊ မှောင်ခို လောကမှာ ရှာရတာမခက်ဘူး"

"သူ့အတွက် အသင့်ရှိပြီးသားပါ၊ ရပါတယ်"

"ဝိုင်"

ထွဍ်ခေါင် သူမကို ဆွဲကိုင်လှုပ်ရင်း

"အခုထိ မင်းသဘောမပေါက်သေးဘူးလား၊ မင်းနှလုံးပေးလို့ကော သူပျော်ပျော်ရွင်ရွင်နေသွားနိူင်မှာလား၊ မင်းမရှိရင် အကုန်အဆင်ပြေမယ်ထင်နေလား၊ ကိုယ့်ဘက်ကိုပဲ မကြည့်နဲ့ အခုပဲကြည့်၊ ဘာလို့ မင်းကို မသိစေချင်လဲ၊ မင်းနှလုံးလှူ မှာ သူသိထားတာကြောင့်ပဲ၊

ဝိုင်၊ နည်းနည်းလေး တဖက်ကို စဉ်းစားပေးအုံ'၊ မင်းတော်တော်တုန်းတယ်၊ ဒါကြောင့် မင်းတို့ချင်း နားလည်မှု့ ခဏခဏ လွဲနေတာ ရှင်းပြီလား"

Untill the EndWhere stories live. Discover now