"နိုး ဘယ်မှာလဲ ဆိုတာ အခုထိ မသိရသေးဘူးဆိုတာ ဘာလို့လဲသိလား"
ဦးမျက်ခြယ်ရဲ့ စကားကို ဒေါ်တင်ရီ မကြားသလို သတင်းစာဖတ်နေသည်။
"ဝိုင်ငါ့ကို ဆက်သွယ်လာတယ်၊ နိုး သူ့ဆီမှာ ဆိုတာ၊ သက်သေမရှိပေမယ့် တကယ်လဲဖြစ်နိူင်သလို၊ သူ့အတွက် အကြပ်အတည်းကို လွတ်မြောက်အောင် လုပ်ချင်တာလဲပါမယ်"
ဒေါ်တင်ရီ ဘာမှ ပြန်မပြော။
"မင်းရဲ့ သမီးကို တခုခုတော့ မေးကြည့်အုံးပေါ့၊ နိုး ကို ခေါ်ထားတာ အမှန်လားဆိုတာ"
ရာထူးတိုးပြီးကတည်းက ဝိုင့်ကို ပစ်မှတ်ထားသည့်နောက် ဒေ့်တင်ရီနဲ့ အဆင်မပြေပါ။
ပြီးတော့ ဝိုင်ကော နိုးကော နှစ်ယောက်အတူ တူ ရှိစေချင်တဲ့အတိုင်း ရှိနေတာမို့ သူမ အနေနဲ့ နဲ့ ဘာကိုမှ တုန်လှုပ်ခြင်းမရှိ။
ထိုနည်းတူ။ ဝိုင်ရဲ့ လျို့ဝှက်ဆက်သွယ်ချက်ကြောင့်လဲ အခြေအနေအဝဝ ကို သူမ သိသင့်သလောက်သိရသည်။
"မင်းရဲ့ သမီးကို မထိစေချင်ရင် နိုး ကိုပြန်ခေါ်ပေး"
ဒေါ်တင်ရီ ထထွက်သွားသည်။ ဦးမျက်ချယ် ဒေါသနှင့် လှမ်းကြည့်မိသည်။ သူ့သမီးပျောက်နေတာ နှစ်ဝက်ကျော်နေပြီ။
ဒါကြောင့်ပဲ ဝိုင့်ကို အသေအကြေစုံစမ်းနေတာဖြစ်သည်။ ဝိုင့်ကို အရေးယူဖို့ တခုတည်း သော ပျော့ကွက်လဲဖြစ်သည်။
ထိုနည်းတူ သူ့ကို စုံစမ်းနေတာလဲ ရှိချငိရှိမှာပေါ့။ နိုးပျောက်သွားသည့်ကာလ နည်းတူ ဝိုင်လဲ ဒီကို မရောက်လာ။
ထိုစဉ်
"ဆရာ၊ "
သူ့လက်ထောက်ရောက်လာပြီးတော့
"ဝိုင် ရောက်လာပြီ၊ ဒီနေ့ "
"ဟုတ်ပြီ ဘယ်မှာတည်းလဲ"
"သူ့အိမ်မှာပဲ"
"ဝရမ်းထုတ်ခဲ့ ၊ ပြန်ပေးဆွဲမြှုနဲ့ ယာယီထိန်းသိမ်းမယ်"
"ဟုတ်ကဲ့"
-
-
ဝိုင် ။ ရောက်ပြီးလို့ နေ့ဝက်ပင်မကျိုးသေး။ အချုပ်ခန်းထဲရောက်ပြီ။