ဝိုင်။ စက်ရုံကိုရောက်နေသည်။ ဒေဝါလီ ခံသွား တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကို သူမတို့ အဖွဲ့ လက်လွဲယူထားပြီး ပိုင်ရှင်က သူမ ဖြစ်သည်။
ပြည်ပ သွင်းကုန် အများအပြားကိုလဲ သုမတို့ လက်ခံပြီး ဒေသအတွင်းဖြန့်သည်။ အထပ်မြင့်အဆောက်အဦးအတွက် လိုအပ်သော PDU များလဲ ရရှိနိူင်သည်။
Steel အမျိုးမျိုးနှင့် အိမ်တွင်းပရိဘောက မကျန် သုမတို့ စက်ရုံတွင် ရရှိနိူင်သည်။
လောလောဆယ် အရောင်းပြခန်းဖွင့်ရန် ပြင်ဆင်နေသည်။ ပြခန်းအတွက် လိုအပ်သော design လဲ ပြင်ဆင်နေပြီဖြစ်သည်။
နောက်ခံ ငွေအင်အားတောင့်တင်းပြီး အရောင်ပြလုပ်ငန်းဆိုပေမယ့် တရားဝင်လုပ်ငန်ူဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ရမည်။
သူ့အပိုင်းနှင့်အတူ လုပ်ဆောက်နေသူတွေ။ ကရိန်းနှင့် ပစ္စာ်းအသယ်အထုတ်တွေနှင့်ရှတ်နေသည်။
တာဝန်ခံမှ စက်ရုံအတွက်လိုအပ်ချက်တေွ ကို ရှင်းပြနေသည်။ ထို့နောက် သူမ ဘက်မှ ဖြစ်နိူင်သည်ကို ရှင်းပြပြီး စက်ရုံမှ ပြန်ထွက်လာစဉ်
"ဝိုင်၊ရှာတွေ့ပြီ၊ "
"ဘယ်မှာလဲ"
"ကျွန်တော့ကားပေါ်မှာ ပြဿနာဖြစ်ထားတော့ လူမြင်ခံလို့မရဘူး"
ဝိုင် မျက်မှောင်ကုတ်သွားသည်။
"ဘယ်လိုဖြစ်တာလဲ"
"လူသတ်မူ့တဲ့၊ "
သူမ ခေါင်းညိတ်လိုက်ပြီး ကားဆီကိုလျှောက်လာသည်။ အလုံပိတ်ကားတံခါး ဆွဲဖွင့်လိုက်စဉ်
"အမ"
"အင်း၊ ယင်း၊ ဘယ်တွေရောက်နေတာလဲ၊" ပြောပြောဆိုဆိုနဲ့ ကားပေါ်တက်လိုက်သည်။ ကားတံခါးဆွဲပိတ်ပြီးနောက် သုက လဲ ကားရှေ့ခန်းထဲ ဝင်ထိုင်သည်။
"ယင်း၊ အမ ကိုလိုက်ရှာသေးတယ်၊ ဘယ်မှာမှ ရှာမတွေ့တာနဲ့ ၊ တခြားမြို့တွေမှာ ခြေရာဖျောက်ပြီးနေတာ၊"
သူမ လေးနှစ်ခန့် ဒီနိူင်ငံမှာ မရှိပေမယ့် ယင်း ကိုရှာဖို့ သူမ လူလွတ်ထားသည်။
![](https://img.wattpad.com/cover/217012053-288-k382983.jpg)