မနက်ခင်း နေရောင်ခြည်က မြူအုပ်ဆိုင်းနေတဲ့ ဒီချိုက့်ဝှမ်းေလးဆီ မရောက်နိူင်သေး ပေမယ့် ကန်ဘေးတလျောက် Y ရှိနေသည်။လက်ထဲတွင် ရေပုံးတစ်လုံးပါသည်။
လက်ထဲမှ ဓါးကို လှည့်ကစားရင်း ကန်ထဲမှ ငါးအခြေအနေကိုကြည့်နေသည်။ တလှမ်ူချင်း ကန်ဘေးတလျောက် လမ်းလျှောက်လာရင်း
ကန်ထဲမှ လှုပ်ရှားမူ့ကြောင့်အနားတိုးလာသည်။ ဓါး နဲ့ချိန်ထားရင်း ရေထဲမှ ငါးရဲအေြခအနေကိုကြည့်နေသည်။
"ဝှစ်"
သူမ လက်ထဲက ီါးလွတ်ထွက်သွားသည် အနီးတဝိုက် သွေးရောင်လွှမ်းလာသည်။သူမ ါရေထဲကဆယ်ယူလိုက်သည်။ ဓါးဆွဲ နူတ်ပြီး ပါလာသော ရေပုံးအသေး ထဲထည့်လိုပ်သည်။
လောလောဆယ်တော့ ၄ကောင်ရပီ့။ နောက်ထက်နည်းနည်းပဲ၊ ထပ်တကြိမ် သူမ အဆင်သင့်ပြင်လိုက်သည်။ နာရီဝက်ကျော်လာတော့မှ သူမ သက်ပြင်းနိူင်သည်။
ငါးအလုံအလောက်ရပြီဆိုတော့ အိမ်ဘက် ပြန်လှည့်လာသည်။အပေါ်ထပ်ရောက်လာသည့်တိုင် တဦးတယောက်ရဲ့ အရိပ်အယောင် မတွေ့ရပါ။ မနိုးသေးတာဖြစ်မည်။မီးဖိုဆောင်တွင် ပစ္စည်းထားခဲပြီး အိပ်ခန်းထဲ ဝင်လာစဉ် အိပ်ရာပေါ်တွင် နိုး မရှိ ။
နိုးနေပြီပဲ။ တံခါးပြန်ပိတ်ခဲ့ကာ လီမွန်တီး တခွက် အသင့်ေဖျာ်ထားလိုက်သည်။နောက် ငါးကို လဘဇင်ထဲထည့်ပြီးရေဖွင့်ချလိုက်သည်။
ရေပြည့်လာသော ဘေဇင်ထဲ သွေးရောင်လွှမ်းလာသည်။
"ဒါ နိုး။ အတွက်လား၊ကျေးဇူး၊မ"
Y တချက်လှည့်ကြည့်ပြီး
"နိုး"
" အင်း မ"
သူမက
"ဒီကနေ ပြန်ရင် နိုးဘာလုပ်ဖို့ရှိလဲ"
ဆိုတော့ နိုး ဆွံ့အ သွားသည်။ သူမ ခွဲစိတ်ရတော့မှာ မဟုတ်လား။ ဘယ်လိုပြန်ဖြေရမလဲ။
"နိုး အတွက်အပန်းမကြီးရင်၊ အိမ်မှာပဲနေ၊ မ ဆီ မလာနဲ့၊ ဖုန်းဆက်လို့ရတာပဲမဟုတ်ဘူးလား"ပြန်မဖြေ။ သူမက ငါးဆေးရင်း
"နောက်တခါ ဘားကိုရောက်လာတယ်ဆိုရင် မ အဆိုး မဆိုနဲ့နော်"