မိုးမင်းအိမ်ရဲ့ ။ နှလုံးအလှူရှင် ရှာတွေ့ပြီဆိုတာ နိုးသိလိုက်တဲ့အချိန် စိတ်ပူပင်နေတာတွေ လျော့ကျသည်။ သူမဘက်ကလဲ မိမိအခြေအနေဆိုးနေသည်ကို သိနေပေမယ့် မည်သည့်မေးခွန်းမှ မမမေး။ သာမန် နေမကောင်းသူလို ယူဆထားသည်ံပုံပ့ပဲ။သူမ ဘက်က ဖြစ်စေချင်တာကို အကောင် အထည် ဖော်နေသည်။
"လာမယ့်အပါတ် စနေ လို့ရက်သတ်မှတ်ထားတယ်၊ ဘယ်မှာဆို အဆင်ပြေမလဲ"
"ဖြစ်နိုင်ရင် မေမေ ကိုလဲ ရှိစေချင်တာ ဒါကြောင့်"
မြန်မာနိုင်ငံကို ပြန်စေချင်တာလား။ ဒါတော့မရ။ ရှေ့အပါတ်ကပဲ သူမ မွှေထားတာတွေရှိနေတာ ဒီတစ်ခါပြန်ရင် အရင်ဆုံး ထိမ်းသိန်းခံရမှာ ဆိုတော့
"ခေါ်လိုက်မယ်၊ ဒီကို အစက ဒီအိမ်မှာ လုပ်မလို့ပဲ၊ ဒါပေမယ့် ဘုရားကျောင်းမှာ ဆိုရင် ပိုအဆင်ပြေမယ်ပေါ့၊ ကျွန်းပေါ်က ဘုရားကျောင်းကသေးတယ် ဒါကြောင့် ကိုယ်လူတွေ အတွက်ပဲ ဆို အဆင်ပြေပါတယ်"
ဟုတ်သားပဲ။ မက သူမ နှင့် ဘာသာခြား သည်လေ။ ထို့ကြောင့်ခေါင်းညိတ်လိုက်သည်။
"အဆင်ပြေတယ် မ"
ဝိုင် က
"နိုးကော၊ ဘာဝတ်မှာလဲ ဝတ်စုံကြည့်ပြီးပြီလား"
"ကြည့်ပြီးပြီ၊ မ အတွက်ကော"
"ကောင်းတာပေါ့"
"မ ကြိုက်လား"
"နိုး ကြိုက်ဖို့လိုတာလေ၊ ဒါ နိုး မြင်ချင်တဲ့ အတိုင်း လုပ်ပေးတာဆိုတော့ နိုးက ဘယ်လိုပုံစံမြင်ချင်တာလဲ"
နိုးက
"ကျေးဇူးပဲမ "
ဝိုင် တချိပြုံးပြုံးသည်။
"ရပါတယ်"
နိုးက
"နိုးကို စိတ်ဆိုးနေတာလား" ဝိုင်က ခေါင်းခါ သည်။ သူမက
"မဆိုးပါဘူး၊ ဘာလို့ နိုး"
"နိုးက မ ခံစားချက်ကို လျစ်လှူရူ့ပြီး နိုး ဖြစ်စေချင်သလို လုပ်ပေမယ့် မစိတ်ထဲ"
"တော်တော့ နိုး၊ ထပ်ပြောနေရင် နိုးကို ပဲလက်ထပ်ပစ်လိုက်မယ်၊ နိုး ကို လိုချင်နေတာ သိရက်နဲ့ စကားမစနဲ့၊ "