ခြံဝန်းကျယ်တခုထဲမှ ခန်းနားလှသော ၂ထပ်ဆောင်တခုရဲ့ရှေ့ သူမ ရဲ့ ကားထိုးရပ်လိုက်သည်။ တဆက်တည်း စာချုပ်ကို ယူပြီး ကားပေါ်မဇ ဆင်းလာသည်။
တံခါးစောင့်များမှ သူမကို တံခါးဖွင့်ပေးပြီး လမ်းညွန်ပေးသည်။ ဧည့်ခန်းထဲသူမ ရောက်လာစဉ် ပထမဆုံး သတ်ထားမိတာက ကေသီ။
ဒါကြောင့်ကိုး။ အနားတွင်ရှိနေသော ရုပ်ဖြောင့်ဖြောင့်အမျိုးသား ။ ကေသီက သူမကို ပြုံးပြသည်။
"ကျွန်မပြောသားပဲ သူလာမှာပါလို့"
ဝိုင် ဒီအတိုင်းရပ်နေသည်။
"တွေ့ရတာဝမ်းသာပါတယ် ဝိုင်၊ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပါဘဲ"
သူမဆီလျှောက်လာရင်း လက်ကမ်းသည်။ ဝိုင် အံကြိတ်ထားရင် ပြန်လည် လက်ဆွဲနူတ်ဆက်လိုက်သည်။
"ထိုင်ပါအုံး"
ညွန်ပြရာ ဆိုဖာပေါ် သူမ ဝင်ထိုင်သည်။
"ကိုယ့်နာမည်၊ မိုးမင်းအိမ် ၊ ကိုယ် မြန်မာမှာလဲ လုပ်ငန်းတချို့ ဝင်လုပ်နေပြီ။ မင်းရဲ့ နယ်ပယ်ထဲမှာ ကိုယ့်လုပ်ကွက်တွေရှိနေတယ်"
"ဝိုင်သိတယ်"
ဆိုတော့
"ဒါကြောင့် မင်း Philippines ကိုရောက်လာတာလား"
ဝိုင်းငြင်းသည်။
"မဟုတ်ဘူး။ ဝိုင် ဒီကိုရောက်လာတာ ၄လေးကျော်ပြီ"
မိုးမင်းအိမ်က ခေါင်းညိတ်ရင်း
"သေချာပြီလား၊မင်းရောက်လာတယ်ဆိုတော့ လွဲဖို့"
ဝိုင်က
"လူကော၊"
"အာ ဟုတ်သားပဲ၊"
စကားမဆုံးလက်ဖျောက်တီးလိုက်တော့ မျက်နှာချင်းဆိုင် ဖန်သားပြင်တွင် videos တခု ပြသသည်။
အမှန်ပါဘဲ။
"Malajon မှာ။ "
နေရာကိုလဲ သူမ သိနေသည်။ သူမတို့ အဲ့ကျွန်းကို ရှာဖူးသည်။
"မင်းရဲ့ $34million နဲ့ လဲလှယ်နိူင်တယ်ဆိုတော့ သူက တကယ်တန်ဖိုးကြီးတာပဲ"
ဝိုင်ဝန်ခံသည်။
"ဟုတ်တယ်၊ ဝိုင့်အတွက် အရေးကြီးတယ်၊တခုတော့ တောင်းဆိုလို့ရမယ်ထင်တယ်"