"နိုး ဘယ်မှာလဲ၊ ငါ့သမီးဘယ်မှာလဲ"
သူမရဲ့ ဘားကို ဒေါသတကြီးရောက်ချလာသော ဦးမျက်ခြယ်။
"နိုးပျောက်နေတာ ၁ပါတ်ရှိပြီ၊ မင်း ကလွဲရင် ဘယ်သူကမှ အန္တာရယ်မပေးဘူး"
သူမက နားမလည်သလို
"ရှင့်သမီး ပျောက်နေတာ ဝိုင်နဲ့ဘာဆိုင်လို့လဲ၊ လူပျောက်ရှာတာ ရှင်တို့ရဲတွေလုပ်ရမှာမဟုတ်ဘူးလား"ok
ဦးမျက်ခြယ်က
"မင်းဘာလိုချင်လဲ၊ ကြိုက်တာပြော၊ နိုး ကို တော့ ပြန်ပေးပါ"
ဝိုင် စ်တပျက်စွာရယ်လိုက်မိသည်။
"အဲ့တာ ဝိုင်နဲ့ဘာဆိုင်လဲ၊ ရှင့်သမီးကို ဖမ်းခေါ် ရလောက်အောင်၊ ရှင့်သမီးက အသုံးဝင်လို့လား၊ သာမန် ဟိုတယ် ဝန်ထမ်းတစ်ယောက်က ဝိုင့်လုပ်ငန်းအတွက် အထောက်အကူမပြုဘူးနော်၊ သေချာစဉ်းကြည့်အုံး"
သုက ကလဲ
"ဟိုတယ်မှာ တွေ့တာ နောက်ဆုံးပါပဲ၊ဦး မျက်ခြယ်။ မင်းနောင်ကို တချက် စုံစမ်းကြည့် ပါလား။ အရင်တခါကလဲ သူပြန်ပေးဆြွတာပဲ"
ဆိုတော့ ဦးမျက်ခြယ်က သုမကို စိုက်ကြည့်ရင်း
"ဟိုနေ့က မင်းနောင်ရဲ့အိမ် ပေါက်ကွဲမူ့ကြောင့် အခု ဆေးရုံတင်ထားရတယ်၊ အဲတာလဲ မင်းလက်ချက်ပဲ မဟုတ်လား"
ဝိုင်ရယ်လိုက်သည်။ နောက် အပြုံးမပျက်
"သက်သေရှိလား၊ဖမ်းဝရမ်းပါလား၊ အဲ့တာတွေ အသင့်ရှိနေပြီဆို ဝိုင် ကြည်ကြည်ဖြူဖြူလိုက်မယ်၊ နောက်ထပ် သက်သေမရှိဘဲ စွပ်စွဲရင် ဝိုင့်ဘက်ကလဲ တရားဆွဲလို့ရတယ်နော်၊ဦးမျက်ခြယ်"
ဦးမျက်ခြယ် အတော်ပင် ရင်မောနေရမှာ သိသာသည်။ သမီးဇောနှင့် သူမဆီကို မစဉ်းစားပဲ ရောက်ချလာတာမဟုတ်လား။ ဘယ်လောက်ရင်ပူနေမလဲ။
"ကဲ၊ တရားနည်းလမ်းကျကျပဲ ရှာလိုက်ပါ။ မကျေနပ်ရင် အပေါ်ကို တက်ရှာလို့ရသေးတယ်"
သူမ လမ်းဖွင့်ပေးလိုက်သေးသည်။ ဦးမျက်ခြယ်အံကြိတ်ရင်း ပြန်လှည့်ထွက်သွား သည်။ သုက က
