အဝေးပြေးလမ်းပေါ်မောင်းလာတော့ Y ဘက်မှန်ကနေ အနောက်က ပါလာသော ကားကို ကြည့်ရင်း မျက်ခြေဖြတ်ဖို့ ကြိုးစားနေသည်။ ဘာမှမသိသော နောက်ကကလေးတွေကတော့ ပေါက်ပေါက်လှော်အောင်စကားပြောနေသည်။
သူမဘေးတွင် နိုးက လာထိုင်ပြီးဖြစ်နေတော့
"မ အဲ့လူတွေကို ဘယ်လိုလုပ်မှာလဲ" ဆိုတော့
"လွယ်ပါတယ်၊ ဒါနဲ့ ကမ်းခြေကို သွားရမှဖြစ်မှာလား၊ တခြားနေရာကော မသွားချင်ဘူးလား၊ နိုး မရောက်ဖူးတဲ့နေရာ"
ဆိုတော့ သူမက
"တကယ်ဆို နိုးက ဘယ်နေရာမှ မရောက်ဖူးဘူး၊ ကမ်းခြေမဟုတ်လဲ နိုးက အဆင်ပြေပါတယ်၊ တခြားစိတ်ဝင်စားစရာ နေရာရှိလားမ"
ဆိုတော့ သူမခေါင်းညိတ်လိုက်သည်။ ထိုအခါ နိုးက
"သွားမယ်လေ မ၊ မ ပို့ပေးမယ်ါနေရာကို သွားမယ်၊ သူငယ်ချင်းတွေက နိုးတာဝန်ထားလိုက်"
ဆိုတော့ သူမ ပြုံးလိုက်သည်။ နောက် ကားကို အရှိန်မြင့် ပြီး အရှေ့မှ ကားတွေကို ဟွန်းသံ အဆက်မပျက်ပေးရင် ကျော်တက်လိုက်သည်။
ရုတ်တရပ်ဖြစ်သွားသော ကြောင့်အနောက်ကကား မှ ချက်ချင်းဘာလုပ်ရမှန်းမသိတော့အချိန်။ သူမကတော့ အရှိန်မလျော့ဘဲ၊ တရမ်းကြမ်းမောင်းလိုက်သည်၊ တဆက်တည်း အနောက်ခန်းက သူငယ်ချင်းတသိုက်ရဲ့ ကြောက်လန့် တကြားအော်သံတွေကို ကြားလိုက်ရတော့သည်။
နိုးကတော့ ဒီလိုဖြစ်လာမှာသိပြီးသားမို့ ကြိုတင်ပြင်ဆင်ထားသည်။
-
-
အချိန်က မနက်စောပိုင်း ရောက်လာသည်။ ကားလေးကလဲ ညိမ့်ညိမ့်လေးမောင်းနေသည်။ နိုး မျက်လုံးဖွင့်လိုက်တဲ့ အချိန် သူမ မရင်းနှီးတဲ့ ဝန်းကျင်တစ်ခုကိုေ၇◌ာက်နေတာဖြစ်သည်။ လမ်းဘေးတလျောက်တွင် အပင်မြင့်မြင့် များက အစီအတန်းလိုက်စိုက်ထားသည်။ လွန်းပြီးသည့်ရင် ရေကန်ကို ရေးရေးလေးမြင်ရသည်။
လမ်းက အကွေ့အကောက်လေးနည်းနည်းနှင့် သူမ ငေးကြည့်နေချိန်ပဲအိမ်တစ်လုံး သူမတို့ရှေ့ ပေါ်လာခဲ့သည်။
