အခန်း (၄) First step for .....

64 6 2
                                    

နိုး ကျောင်းကပြန်လာမှ Dream Aruna ကိုဝင်တာဆိုတော့ ညနေ သုံးနာရီခွဲနေပြီ။ ဘားရှေ့ရောက်တော့ သူမကို ပေးမဝင်တော့ပါ။

"ညနေ ၃နာရီနောက်ပိုင်း ကျောင်းသားကျောင်းသူတွေကို ပေးမဝင်ဘူး၊နောက်ရက်မှပဲ လာခဲ့တော့"

တဲ့။ သူမနောက်ပြန်လှည့်လာခဲ့ရသည်။ အဲ့အမ ဖုန်းနံပါတ်လဲ သူမမှာမရှိ။ အရင်တခါလိုပဲ လမ်းပျောက်လိုက်ရမလား။

သူမ ဖြစ်ချင်တာတွေတွေးနေမိသည်။

"နိုး ပိတ်ရက်မှ လာရအောင်ပါ။ငါပြောသားပဲ ဒီအချိန်ပေးမဝင်ပါဘူးဆို"

နိုး သက်ပြင်းချပြီး နောက်ပြန်လှည့်လာစဉ် ဘားရှေ့သို့ကားတစ်စီးထိုးရပ်လာသည်။ သူမတို့လဲမလွတ်မှာဆိုးကာ ရှောင်ပေးရင်း

ကားရပ်သွားတော့ သူမတို့လှည့်ကြည့်မိသည်။ နိုး ကြည့်နေချိန်ဘဲ ကားပေါ်မှ ဆင်းလာသော Y ကြောင့် သူမ နောက်ပြန် လှည့်ပြီး ပြေးမည် အပြု။

အမနှင့်အတူ ပါလာသော အမျိုးသားရဲ့

"Y ကျေးဇူးတင်တယ် ၊ ကိုယ်ဖြစ်ချင်တာဖြစ်စေတယ်၊ လက်ထပ်တာတော့ Y သဘော"

ဟင်။ ဒါဆို အဲ့လူက.....မ နဲ့။ မလိုက်ဖက်လိုက်တာ ဆိုသော အတွေးက ချက်ချင်းကြီးကြီးစိုးလာသည်။ ပြီးတော့ မကိုနှမျောသည်။

ဘာလို့အဲ့လိုလူနဲ့တွဲတာလဲ။ မ ဘာမှပြန်မပြောဘဲ ဆိုင်ဘက်လှည့်တော့ တံခါးနားရောက်မှ သူမကို လှည့်ကြည့်လာ သည်။ တွေ့တွေ့ချင်းမျက်မှောင်ကုတ်သွားပေမယ့်

နိုးကတော့ ချက်ချင်းပြုံးပြမိသည်။

"နိုး မပြန်ဘူးလား"

သူမ သူငယ်ချင်းတွေရဲ့ စကားသံကို လျစ်လှူရှ့ပြီး မ ဆီကိုသာ လျောက်လာရင်း

"မ ကိုလာတွေ့တာ "

ဆိုသော သူမကို Y ဘာလုပ်ရမလဲမသိတော့။ ဘာလို့ သူမကို တွေ့ချင်ရတာလဲ လို့မေးချင်ပေမယ့် အဲ့သနားစရာ မျက်နှာလေးကြောင့် သူမ က

"အိမ်မပြန်ဘူး လား အိမ်ကစိတ်ပူနေမှာပေါ့"

ဆိုတော့

Untill the EndWhere stories live. Discover now