အပိုင်း(၉)

46 4 2
                                    

ညနေစာ ကို သူမ ကင်ထားတဲ့ ငါးနှင့် ထမင်း။

သူမ ကြိုမသိထားတဲ့ နိုးရဲ့ မွေးနေ့ပွဲ။

ရေခဲသေတ္တာထဲလဲ ဘာမှမရှိတော့ ရေကန်ထဲက ငါးနှင့် နေ့လည်က မြို့မှ လာသော Delievery တွင် သစ်သီးတချို့နှင့် အဖျော်ယာမကာများပါသောကြောင့် ဝိုင်ဖြူတစ်ပုလင်းနှင့် စပျစ်ဝိုင် အနည်းငယ်ဝယ်ထားလိုက်သည်။

မွေးနေ့ပွဲဆိုတော့ ဝိုင်က မရှိမဖြစ်လို့ သူမ ယူဆထားတာ။ ပြီးတော့ ကမ်းခြေဆိုရင် ဟိုတယ်ကနေ မွေးနေ့ကိတ်မှာလို့ ရနိူင်ပေမယ့်။ ဒီမှာတော့ မဖြစ်နိူင်ဘူး။

"Happy birthday to you"

မွေးနေ့သီချင်းသံပြိုင်ဆိုပေးပြီး ချိန် မွေးနေ့လက်ဆောင် တွေသူငယ်ချင်းတွေက ပေးနေကြပေမယ့် Y မှာဘာပေးရမှန်းမသိ။

ထို့ကြောင့် သူမက ဝိုင်ပုလင်းတွေ ကိုရေခဲသေတ္တာထဲက ထုတ်ယူလာတော့

"မွေးနေ့အတွက်လား အမ"

ဆိုတော့ သူမ ခေါင်းညိတ်လိုက်သည်။ထိုစဉ် အိမွန်သက်က

"အိ တို့က ရတယ်အမ၊ နိုး တော့ သောက်လို့ရမှာမဟုတ်ဘူး"

ဆိုတော့ သူမ ဘေးတွင်ရှိနေသော နိုးကို လှည့်ကြည့်မိသည်။ သူမ အရမ်းအားနာသွားသည်။ သူမ ထင်ထားသလို မဟုတ်ဘဲ။

"နိုးသောက်လို့ရတယ် မ၊ မသောက်ဖူးသေးတာပဲရှိတယ်"

ဆိုတော့ သူမက

" Sorry နိုး၊ မသောက်တဲ့သူရှိမှာကို ထည့်မစဉ်းစားမိဘူး၊ ပြီးတော့ နိုး သောက်လို့မရမှာကို သတိမထားမိလိုက်ဘူး"

ဆိုတော့ နိုးက

"ရပါတယ် မရဲ့။ နိုးက သောက်လို့ရတဲံအရွယ်တောင်ရောက်နေပြီ"

ဆိုတော့ ဝိုင် စိတ်မကောင်းစွာပဲ

"မသောက်ရဘူးနိုး၊ အဲ့အစား----"

သူမရဲ့ ဖုန်း Vibrate ကြောင့် စာပွဲတုန်ခါသွားတော့ စကားရပ်သွားတော့သည်။ ဖုန်းနံပါတ်ကြည့်ပြီးတော့

"စားနှင့်နော်---"

ဆိုပြီး အမြန်စာပွဲက ထလာသည်။ ဧည့်ခန်း ကို ကျော်လာပြီး ပထမထပ်နှင့် အညီ အဝင်လမ်းရှိရာတံခါးကို ဆွဲဖွင့်လိုက်သည်။

Untill the EndWhere stories live. Discover now