၄ နှစ်ခန့်ကြာသော်။ ။
နိုး။ ဘွဲ့ရပြီး အလုပ်ပင်စဝင်နေပြီ။ သူမ ဝါသနာ ပါသော ဟိုတယ်ဝန်ထမ်း ကို မန်နေဂျာ အဆင့်မှ စဝင်သည်။ ၂၂ နှစ် အရွယ် မိန်းမချောလေး ဖြစ်လို့လာပြီ။
သူမရဲ့ ကျန်းမာရေးလဲ ကောင်းမွန်လာပြီ ဆိုတော့။ ဖေဖေ မေမေတို့အတွက် သူမ လိမ်မာ ယဉ်ကျေးသူလေး ဖြစ်လို့လာသည်။
သက်ထက်စံနှင့် အတူ သူမ အလုပ်ဝင်ခဲ့ပေမယ့် လုပ်ကိုင်ရသော ဌာန မတူခဲ့ပါ။
သူမတာဝန်ကျတာက ဟိုတယ် ရဲ့ ဧည့်ကြို ကောင်တာရဲ့ တာဝန်ခံ မန်နေဂျာဖြစ်သည်။
ကောင်တာမှ ဝန်ထမ်းနှင့် poter ကို သူမ ကြီးကြပ်ရသည်။
မနက် ၇:၀၀နာရီအရောက် ဟိုတယ်ကိုသွားရပြီး ည ၁၀:နာရီ မှ သူမရဲ့တာဝန်ပြီးကာ နောက်တစ်ယောက်ကို ဂျူတီချိနရသည်။
တနှစ်တွင် ၆လက ညဆိုင်း၊ တ၀က်က နေ့ဆိုက်းဖြစ်သည်။
ယခုက ညဆိုင်း။ ညဆိုင်းကို ညနေ ၇:၀၀ နာရီ အရောက် သွားရပီ့း မနက် ၁၀နာရီမှ တာဝန်ပြီးသည်။
ယခုတော့ သူမ တာဝန် မလွဲ မှီဆိုရင်လဲ အသင့် အနေအထား ပြင်ဆင်ထားရပီ့း ဟိုတယ် ယူနီဖောင်းကို သပ်ရပ်စွာဝတ်ဆင်ပြီး ဆံပင်ကိုလဲ သပ်ရပ်စွာထုံးထားရသည်။
အနက်ရောင် ရှူးဒေါက်ဖြင့် သူမ လက်ထဲတွင် ဝေါ်ကီတော်ကီ အသင့်ကိုင်ထားရသည်။သူမတာဝန် မလွဲမှီဆိုရင် နားနေခန်း၊ ဒါမှမဟုတ် အထပ်နှစ်ဆယ် ရှိသော သုမတို့ ဟိုတယ်ရဲ့ ခေါင်မိုး ထပ် လေဟာပြင်တွင်ရှိနေသည်။
ဟိုတယ်မှ သတ်မှတ်ထားသော စည်းမျည်း အရ သူမ တို့တွင် လက်ကိုင်ဖုန်း ကို မိမိရဲ့ locker တွင် သိမ်းဆည်းထားရပြ္း လက်ဝတ်ရတနာကို သတ်မှတ်ထားသော ပလက်တီနမ် အရွယ်အစားကိုသာ ဝတ်ဆင်ရသည်။