မင်းနောင် ။
ဝိုင်ကို သတိပေးပြီးနောက်ရက် ကတည်းက သူမနောက်ကို စောင့်ကြည့်ဖို့လူလွတ်ထားသည်။
အဲ့နေ့ကတည်းက ဝိုင်ရဲ့ ဘာလုပ်ရှားမူ့မှမတွေ့ရတော့ပါ။ အပေါ်ထပ်ကနေလဲ ဆင်းမလာသလို အခား ဘယ်သူ့ကိုမှ အပေါ်တက်ခွင့်မေပးတော့။
လောကကြီးနဲ့အဆက်အသွယ်ဖြတ်နေသလိုပါဘဲ။ ခွင့်ပေးထားတဲ့ ရက်ကုန်တာနဲ့ ဝိုင့်ကို ရွှေတြိဂံကို ပို့တော့မယ်။
မယုံကြည်ဘူးဆိုရင် သံသယတွေ က ဖြေဖြောက်လို့ပင်မရ။
ဟိုနေ့က တပ်ခဲ့တဲ့ လျို့ဝှက်ကင်မရာ ကနေ သူမ အခြေအနေကိုစောက့်ကြည့်နေတာလဲမထူးခြားပေ။
တကယ်တော့ ထိုကင်မရာရှိနေတာကိုလဲ ဝိုင်သိနေတဲ့အတွက် ။
နိုးနိုးမျက်ခြယ်ပြန်သွားပြီးနောက်ပိုင်း တိတ်ဆိတ်နေတာကြောင့် တနေကုန်အိပ်နေတာ များသည်။
ညအမှောင်ချပြီး လ့်ုဝှက်ကင်မရာ ရှိမရှိ စစ်ကြည့်ပြီးကတည်းက ဝိုင်အပြင်ကိုလုံးဝ မထွက်တော့ပါ။
၃ရက်ကျော်လာပြီဖြစ်သည်။ ဟုတ်သားပဲ၊ဒီနေ့ ဟိုကလေးမ စာမေးပွဲဖြေမှာ။ ဖြေနိူင်မှာပါ။စာတော်တဲ့ကလေးပဲ။ပြီးတော့ သူမ ခရီးထွက်ချင်လာသည်။ ထို့ကြောင့် အ၀တ်အနည်းငယ်ကို ခရီးဆောင်အိတ်တနိုင်တပိုင် ထုတ်ပိုးပြီး အခန်းထဲကထွက်လာသည်။
သူမ ဆင်းနေကျ အနောက်ဘက်မှ လှေကားကိုထွက်ရန် ဝရံတာဘက်အရောက် သုမဆိုက်နှင့်ခပ်လှမ်းလှမ်းတွင်ရပ်ထားသော အနက်ရောင်ကားတစ်စီးကြောင့် ဝိန် အံကြိတ်လိုက်သည်။
မင်းနောင်အရမ်းအကဲပိုနေသလားပေါ့။ သုမ နဲ့ နိုးက မိတ်ဆွေတွေလေ။
ဘာကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေတာလဲ။ ပုံစံမပျက် အောက်ဆူံးထိဆင်းလာခဲ့ပြီး လမ်းမကပါ် အရောက် Taxi တားလိုက်သည်။
သွားမယ့်နေရာ တစ်ခုကို ပြောလိုက်တော့ ကားထွက်လာသည်။
တဆက်တည်း သူမ နောက်လှည့်ကြည့်တော့ ထိုအနက်ရောက်ကားလဲ အနောက်ကနေ ပါလာနေတာတွေ့လိုက်တော့သုမ ဖုန်းထုတ်ကာ တနေရာကို ဖုန်းခေါ်သည်။
"ဟုတ်တယ် ယင်း၊ အမ ကို တခုကူညီပါအုံး"