နိုး။ အိပ်မပျော်ပါ။ မနက် ၃:၀၀ ထိုးနေပြီ။ ဒီနှစ်ရက်လုံး သံသယတွေနဲ့ကြီးစိုးနေတာကြောင့် စိတ်လဲတိုသည်။
ပြီးတော့ အကယ်၍ ဆိုတာက ။ သူမ ဆက်ဆက်ပြီးတွေးရင်းက မ ရဲ့ အပြူအမူတွေကို သူမ ပြန်စမ်းစစ်ကြည့်တာဖြစ်သည်။
ယခုတော့ မအိပ်နိူင်တာနဲ့ အခန်းထဲက ထွက်လာတော့ မ အခန်းကို လှမ်းကြည့်မိသည်။
အခုထိ အလုပ်လုပ်နေတာတွေ့နေရသည်။ ခါတိုင်းဆို မဆီ ပြေးသွားနေကျ အခုတော့။ သူမ အောက်ထပ်ကိုသာ ဆင်းလာလိုက်သည်။
ထမင်းစားခန်းတွင် သွေးသစ် ရှိနေသည်။
"နိုး မအိပ်သေးဘူးလား"
"အော၊ အိပ်မပျော်လို့၊ ကို သွေးသစ်ကော"
"ဒီည ကိုယ်တို့အဖွဲ့ အဆိုင်းကျတယ်"
"အော"
သွေးသစ် ဘီယာသောက်နေတာကြောင့် သူမ လဲ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
"နေမကောင်းဘူးလား"
နိုး ခေါင်းခါလိုက်သည်။ စာပွဲပေါ်မှ အသီးစိတ်များ ယူစားရင်း သက်ပြင်းချမိသည်။
"ရင်ဖွင့်ချင်ရင် ဖွင့်လို့ရတယ်၊ ကိုယ်နားထောင်ပေးမယ်၊ မပေါက်ကြားစေရဘူး"
နိုး ပြုံးလိုက်သည်။ သို့ပေမယ့် တိတ်ဆိတ်နေသည်။ သွေးသစ် ဘီယာကုန်သွားပြီဆိုတော့ ရေခဲသေတ္တာလှပ်ပြီး နောက်တဗူး ထပ်ယူကာ
"သောက်မလား"
"ရပြီ ကိုသွေးသစ်၊"
သွေးသစ် ထိုင်လိုက်ပြီး သူမကို အကဲခက်ကာ
"တခုခုတော့ ပြောနိုး၊ မင်း ပုံးစံက စိတ်ရုပ်နေသလိုပဲ".
ဆိုတော့ နိုးက သက်ပြင်းချပြီး
"နိုး စိတ်ထဲ မတင်မကျဖြစ်နေတာရှိတယ်"
သွေးသစ်ခေါင်းညိတ်သည်။
"မ လေ"
"ဘာလို့ အခုလိုပဲ နေတာလဲလို့"
သွေးသစ် နားထောင်နေသည်။ သံသယဖြစ်နေတာ သေချာတွေ့နေရတော့ နိုး တခုခုကို သတိထားမိနေတာ ခန့်မှန်းမိသည်။