နိုး ။
သူမ တစ်ယောက်တည်းပဲ။ နေ့လည်နေ့ခင်းဆိုရင်တော့ သွေးသစ်ဘဆိုတဲ့လူရောက်လာတက်တယ်။ သူမ ကိုစကားလာပြောပေးသည်။
မြန်မာစကားတက်သော တစ်ဦးတည်းသော လူဖြစ်သည်။ အခြားသော နိူင်ငံခြားသား တွေရဲ့အလယ်မှာ။
ကျောက်ရုပ်တွေလို စောင့်ကြပ်နေသော လူတွေကို တော့ အိမ်ဝန်းရဲ့နေရာတိုင်းလိုလိုတွင်ရှိသည်။
အဆောက်အဦးအတွင်းတော့ သူမ နှင့် အလုပ်သမား တချို့။
ပထမထပ်သို့ဆင်းလာတော့ စားဖိုမှူး အဖွဲ့ နေ့လည်စာ ချက်ပြုတ်နေကြပြီ။ သူမကို မြင်တော့ တချက် ဦးညွှတ်နူတ်ဆက်သည်။
အောက်ဆုံးထပ်ထိ ဆင်းလာပြီး သူမ အရဲစွန့်ကာာ ခြံတံခါးနား ရောက်တော့ သူမ ကို အရှေ့မှ ပိတ်ရပ်တားသူနှစ်ယောက် ရှိလာပြီ
သူမ နောက်ပြန်မလှည့်ပဲ ရပ်နေလိုက်သည်။ ထိုစဉ်
"ဘယ်သွားမလို့လဲ"
သူမက
"ကမ်းခြေသွားမလို့ အိမ်ထဲမှာမွမ်းကြပ်တယ်"
"ကိုယ် ညနေပိုင်းမှ လိုက်ပို့ပေးမယ်၊ အခုချိန်ကနေပူနေပြီ၊ "
နိုးက
"ရှင် ဒီမှာနေတာလား"
"အင်း ဟုတ်တယ်၊"
"ဘယ်အခန်း မှာနေတာ လဲ၊ မတေွ့မိပါဘူး"
"ဟို းအပေါ်ပိုင်းမှာ သီးသန့်အိမ် ရှိသေးတယ်၊ "
ခြံဝန်းအပေါ်ပိုင်းကိုညွန်ပြပေမယ့် တောအုပ်ဆိုတော့ ဘာမှ မတွေ့ရပါ။ ၅ဧက ခန့်ကျယ်တဲ့ ခြံဝန်းဖြစ်တာကြောင့်။ သသန့်ဖြစ်နေသည်။
ကျွန်းတကျွန်းပေါ် ဒီ အိမ်တစ်လုံးပဲ ရှိနေသလိုပေါ့။
မလိုက်ချင်သော်လဲ သူမ နောက်ပြန်လှည့်ခဲ့ရသည်။
"ဒီ မှာ မြန်မာစကားတက်တဲ့သူ ရှင်ကလွဲလို့ တခြားမရှိတော့ဘူးလား"
"မရှိဘူး၊ ရှိရင် မင်း မသိသင့်တာတွေ သိနေမှာပေါ့၊ မငးသိထားရမှာက။ ဘာမှ အပူအပင်မရှိဘဲ ဒီအိမ်မှာပဲနေပါ။ မင်းကို ဘယ်သူမှ မနှောက်ယှက်ဘူး။ ပြန်ပေးဆွဲတာလဲ မရှိဘူး။ဓါးစာခံဆိုတာလဲ မရှိဘူး။ မင်းအသက်အန္တရာယ်လဲမရှိဘူး၊ မင်းမိဘတွေ အတွက်လဲ စိတ်မပူနဲ့၊ ကိုယ် သွားတွေ့ပြီပြီ"