"ဘယ်လောက်ကြာသွားပြီလဲ"
"၈နာရီ လောက်"
"ထပ်ပြီးသောက်ဖို့မစဉ်းစားတော့နဲ့Y"၊ မင်း စိတ်ညစ်စရာဘာရှိလဲ၊ ပြော၊"
Y ကုတင်ပေါ်မှ ဆင်းလာသည်။
"ဘယ်အချိန်ကတည်းကလဲ အစာအိမ်နာနေတာ"
Y က
"နားပူတယ် ဆေးရုံဆငး်လို့ရပြီ မှတ်လား"
ထွဍ်ခေါင်က သူမကို အပေါ်ဝတ် ယူလာပေးပြီး
"မင်းနောင် လွတ်လာပြီ ၊ဒီမနက်၊"
ပြန်ပေးမှု့နှင့် ၅နှစ်ကျပေမယ့် အာမခံနှင့် ပြန်လွတ်လာတာဖြစ်မည်။
မင်းနောင်အစား ထိုက်စံကိုယ်စား ဝင်သွားကတည်းက
ဒီအချိန်ကို သူမ မျှော်နေတာဖြစ်သည်။ ထောင်ချလို့မရရင် သတ်ပစ်လိုက်တာက ပို အဆင်ပြေမယ်လေ။
"အခု ဘယ်မှာလဲ"
"သူ့အိမ်မှာ ၊ သူ့လူတွေနဲ့ပြန်ပေါင်းမိသွားပြီ"
သူမ ခေါင်းညိတ်ရင်း
"အစကနေပြန်စကြတာပေါ့၊ သူလဲ Y ကို မုန်းနေမှာ ၊ "
ထွဍ်ခေါင်က
"ဟုတ်ပြီ၊ မင်း ဘက်မှာ ကိုယ်ရှိတယ်၊ ဒီနေ့ Church သွားမယ်ဆို၊ သုက ကို ကိုယ်ဖုန်း ဆက်ထားလိုက်မယ်"
"အင်း၊ ဟိုတယ်မှာပြန်ဆုံမယ်"
"အင်း ၊ဂရုစိုက်နော်"
"အော၊ ဟိုတယ် ဆိုလို့၊ ဟိုကေလးမ လေ၊ Y မှတ်မိသေးလား၊ လွန်ခဲ့တဲ့လေးနှစ်က မင်းနောင်နဲ့ နောက်ဆုံး ချိန် ဓါးစာခံ "
Y အဝတ်ဝတ်နေတာ တန့်သွားသည်။
"အခု ကိုယ်တို့ တည်းတဲ့ ဟိုတယ်မှာ အလုပ်လုပ်နေတယ်၊ Y ကို သူ ဆေးရုံးလိုက်ပို့ပေးတာ "
သူမက သက်ပြင်းချရင်း
"အင်း၊ ဟုတ်လား၊ သွားပြီနော်"
ဆိုကာ အခန်းထဲက ထွက်လာသည်။ ထွဍ်ခေါ်င်နှင် မှောင်ခို လုပ်ငန်း ရှယ်ယာ စပ်တူပါ။
ဒီကိုပြန်ရောက်လာတာကလဲ မင်းနောင်လွတ်တော့မယ်ဆိုတာသိနေတာကြောင့်။