"အပေးအယူဆိုတာ ကိုယ့်ဘက်က စွန့်နိူင်တဲ့နည်းတူ၊ တူညီတဲ့ အခွင့်အရေးရတယ်ဆိုတာ မကြားဖူးဘူးလား၊ ဒီထဲက စာချုပ်၊ မင်းကို ကယ်ရင် ငါဘာပြန်ရမလဲဆိုတာ မတွေးဖူးဘူးလား"
နိုး မျက်မှောင်ကုတ်သွားသည်။
"ညီအမ ဆိုတဲ့ သံယောဇဉ် ကို ငါမရချင်ဘူး၊ အဲ့အတွက် မင်းထင်သလိုတေွးနေတာတွေရပ်လိုက်တော့၊ "
နိုး ရင်ထဲ အနည်းငယ်တော့ စိတ်လှုပ်ရှားလာသည်။ ထို့နည်းတူ။ မ ရဲ့ စကားတွေနောက် သူမ လိုက်တွေးနေမိသည်။
"ငါလိုချင်တာ ရဖို့ဆိုရင် ဘာမဆို စတေးရဲတယ်၊ မင်းကိုလဲ စတေးဖို့အသင့်ပဲ၊ ကိုယ်တိုင် အသေးစိတ်မသိဘဲ အတေွးတခုတည်းနဲ့ မဆုံးဖြတ်နဲ့"
ဝိုင် မပြုံမပျက်ပြော နေရင်း နိုးရဲ့ သိသိသာ သာ ရှုပ်ထွေးသောအရာတခုထဲ ဝင်ရောက်မိသလို ဖြစ်နေတော့
"ပြန်တော့၊မင်းကို အပြင်ထွက်ခွင့်ပေးတဲ့ ဘယ်သူမဆို အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူး၊ ဒါကြောင့် အခု မင်းအိမ်အပြင်ထွက်တာက လူတစ်ယောက်ကို သေစေတယ်ဆိုတာသဘောပေါက်ထားလိုက်"
"မ"
စိုးရိမ်စွာ သူမကို ခေါ်သည်။ ဘာလုပ်ဖို့လဲ။ သူမကို တားဖို့ဖြစ်မှာပေါ့။
"သွားတော့"
"မ အဲ့လိုတော့ မလုပ်ရဘူး၊ နိုး ထွက်ချင်တာ ကြောင့် လေ၊ ဘာလို့....
ဝိုင်က
"သွား....." သူမ အော်ပစ်လိုက်မှ
နိုး အနောက်ကို တဆုတ်တည်း ဆုတ်သွားပြီး ပြန်လှည့်ပြေးသွားချိနိ ဝိုင်သက်ပြင်းချပြီး ကျောခိုင်းလိုက်သည်။
" ဒီစာချုပ်ကို ဘယ်လိုတွေ့သွားတာလဲ"
လျို့ဝှက်ထားတဲ့အရာပါ။ အချိန်မရွေး နိုး ရဲ့ကျန်းမာရေးကြောင့် သူမ ရဲ့ တုံ့ဆိုင်းခြင်း မရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်သည်။
"နီးဖို့လုပ်ရင်း နောက်တကြိမ်ထပ်ဝေးရတော့မယ် နိုး"
" နိုး ကို အနားမှာ ထပ်ထားလို့မဖြစ်တော့ဘူး"
ဝိုင် စိတ်ညစ်လာသည်။ သူမ ဘယ်လောက်ကြိုးစားနေပါစေ အမြဲလွဲချော်နေသည်။