"မြူခိုးရယ်...ဝေ" အပိုင်း (၇)

37 4 0
                                    


(၇)

"ဖေ့စ်ဘုတ်မှာ ကုန်ပစ္စည်းတွေကိုကြော်ငြာပြီး လူသိစေဖို့ကမခက်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ပစ္စည်းရဲ့ အကြောင်းကို လူများများဖတ်ဖို့၊ ကြည့်ဖို့က အဓိကကျတယ်လေ"

ကျွန်တော့်စကားကို ငြိမ်းတို့သုံးယောက်လုံးလက်ခံလေသည်။ ထိုအလုပ်နှင့်အသက်မွေးဝမ်းကျောင်းလုပ် နေသောသူမို့ ကျွန်တော်သည် သူတို့ကိုဆရာလုပ်ပိုင်ခွင့် အပြည့်အဝရရှိခဲ့၏။ ငြိမ်းတို့လုပ်ငန်းငယ်က လေး တိုးတက်စေချင်သောစေတနာလည်းအပြည့်ရှိခဲ့ကာ သူတို့အတွက်ပံ့ပိုးလိုသည့်အာသီသလည်းပြင်း ထန်ခဲ့သည်ဟုဆိုရပေမည်။

"ဆောင်တော်ကူးဆိုင်က ပစ္စည်းတွေကချစ်စရာကောင်းတယ်၊ လူကြိုက်များမယ့်ပစ္စည်းတွေပေါ့၊ ဒါကို လူများများသိဖို့ဆိုရင် ပစ္စည်းတွေရဲ့အားသာချက်ကိုအရင်ပြောပြဖို့လိုတယ်"

"အားသာချက်တွေကိုတော့ သိတယ်၊ ကိုယ့်ဆိုင်ကပစ္စည်းတွေဘာကောင်းတယ်၊ ဘယ်လိုအရည် အသွေးရှိတယ်ဆိုတာတွေကို ကောင်းကောင်းနားလည်တယ်၊ ဒါပေမဲ့ ဆိုရှယ်မီဒီယာ အထူးသဖြင့် ဖေ့စ်ဘုတ်မှာကြော်ငြာမယ့်ဟာကိုတော့ သိပ်မသိဘူး"

မြန်မာနိုင်ငံ၌ ဆိုရှယ်မီဒီယာဆိုပါက ဖေ့စ်ဘုတ်ပေါ်ကိုပဲ အကုန်စုပြုံပြီးရောက်နေသုံးနေကြသည်မို့ ဖေ့စ်ဘုတ်တွင်လူသိများရင်ကို တော်တော်ဟုတ်နေပြီ။ ဒါကြောင့် ကျွန်တော်တို့ အလုပ်မှာလည်းဖေ့စ် ဘုတ်အတွက်ပဲအဓိကထားပြီး အလုပ်လက်ခံရသည်ကများလေသည်။ အချို့လုပ်ငန်းများက ကိုယ်ပိုင် ဝက်ဘ်ဆိုက်လည်းရှိမနေ။ ဆိုရှယ်မီဒီယာနှင့်ပင် လုပ်ငန်းတစ်ခုလုပ်နိုင်ပြီဟုအမှတ်နှင့် Content (ကြော် ငြာစာ) များလာအပ်ကြသည်လည်းဒုနှင့်ဒေး။

"အများကိုဆွဲဆောင်နိုင်တဲ့ စာနဲ့ပုံတွဲရက်တင်ဖို့ ဘာလိုမလဲ၊ ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုဖိုင်ဘယ်လို တင်မလဲဆိုတဲ့အချက်တွေကို နားလည်ရင်ဆိုရှယ်မီဒီယာမှာ လူတွင်ကျယ်လုပ်လို့ရပြီဗျ၊ ဒီဆိုင်ကပ စ္စည်းတွေကို တစ်နေ့တစ်မျိုးမရိုးအောင်တင်လို့ရပြီ၊ တစ်ခါတစ်လေစာနဲ့ပုံတင်လိုက်၊ တစ်ခါတစ်လေ တော့ ဗီဒီယိုဖိုင်လေးတင်လိုက်ပေါ့"

မြူခိုးရယ်....ဝေWhere stories live. Discover now