"မြူခိုးရယ်.....ဝေ" အပိုင်း (၁၁)

34 5 0
                                    


(၁၁)

ထိုအဖြစ်အပျက်နောက်တော့ ငြိမ်းနှင့်ကျွန်တော်ကြားတွင် တံတိုင်းတစ်ခုခြားသွားသလိုခံစားလာ ရသည်။ သူအဆင် ပြေလျှင်ကျေနပ်ရမှာပေါ့ဆိုသည့် စိတ်နှင့် သူ့ကိုသွားတွေ့သည်။ မတွေ့ရလျှင် ကျွန်တော်မှမနေနိုင်တာ။ အဲဒီ တော့ ငြိမ်း၏အလုပ်နှင့်ဆက်နွယ်သည့် အကြောင်းပြချက်တစ်ခုခုကို အမှီသဟဲပြုပြီးသွားကိုသွားတွေ့သည်။

ကံကောင်းချင်တော့ ကျွန်တော်တင်ပေးသမျှထုတ်ကုန်များက Facebook မှာပေါက်သည်။ လူကြည့် အများဆုံးထုတ်ကုန်များဖြစ်လာသည်။ ဒီတော့ ငြိမ်းတို့ ကျွန်တော့်ကိုမကင်းနိုင်။ ကျွန်တော်ကလည်း စေတနာတွေဗလပွနှင့်ထပ်လုပ်ပေးတော့ မစားရအညှော်ခံသံသရာက လည်နေတော့၏။

"ခေါင်းစဉ်နဲ့ပုံကအဓိကကျတယ်၊ အရိုးရှင်းအပြတ်သားဆုံးခေါင်းစဉ်ကိုပေး၊ ဆွဲဆောင်မှုရှိတဲ့ပုံကိုသုံးဖို့ အဓိကပဲ၊ ကျွန်တော်တို့က Travel Blogger တွေလိုမျိုး ခရီးအကြောင်းအသေးစိတ်ပြောပြရေးပြနေလို့ မရဘူး၊ လိုရင်းတိုရှင်းပြတ်ပြတ်သားသားမှ စာဖတ်သူရင်ထဲရောက်မှာလေ၊ ကုန်ပစ္စည်းတွေကို လူစိတ် ဝင်စားအောင်ရေးရတာဆိုတော့ ပရိတ်သတ်ကကန့်သတ်ထားသလိုဖြစ်နေတယ်"

ဆောင်တော်ကူးဆိုင်၏ထုတ်ကုန်တွေဆန်းသစ်မှုကလည်း စာဖတ်သူကိုဆွဲဆောင်စေပါသည်။ အဲဒီ ဆိုင်၏ ထုတ်ကုန်များကို ဘန်ကောက်လိုနေရာကမဟုတ်ဘဲ ဟောင်ကောင်တို့ ထိုင်ဝမ်တို့ကနေတင် သွင်းတာမို့ ဒီဇိုင်းကထူးဆန်းလို့နေသည်။ စျေးနှုန်းကတော့ နည်းနည်းမြင့်တာပေါ့။ ဒါပေမဲ့ အခုနှစ် နောက်ပိုင်းတွင်တော့ ပစ္စည်းကောင်းဖို့ကိုပဲအလေးပေးဝယ်ယူလာတာတွေ့ရသည်။ အွန်လိုင်းပေါ်တွင် ထုတ်ကုန်တစ်ခုခုတင်လိုက်ပြီဆိုလျှင်ထို ထုတ်ကုန်၏အားသာချက်၊ အများနှင့် မတူသည့် ထူးခြားချက်များ ကို အသားပေးဖော်ပြလိုက်ကြည့်၊ ပစ္စည်းအထူးဆန်းလေးများကြိုက်တတ်သည့် သူဆိုအချင်းချင်းမျှဝေကြတာနှင့် အရောင်းကခဏလေးအတွင်းတက်လာကြသည်။ အဲဒါကိုပဲ သူတို့က ကျွန်တော်၏စွမ်းဆောင်ရည်အဖြစ် သဘောကျကြတာပင်။

မြူခိုးရယ်....ဝေWhere stories live. Discover now