(၂၉)
တကယ်တော့ အံအားသင့်စရာကိစ္စသည် ငြိမ်းမှာကိုယ်ဝန်ရှိခဲ့တာတင်မဟုတ်တော့။ အဲဒီထက်ထူးခြား လို့နေခဲ့ပြီ။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေထွက်လာတော့ ကြည်သာကအသင့်စောင့်နေလေ သည်။ ဝမ်းသာအားရပွေ့ဖက်နှုတ်ဆက်ပြီး ဂျက်စီကာနှင့်မိတ်ဆက်ပေးလိုက်၏။
"ဒါ ငါ့ရဲ့ရည်းစား ဂျက်စီကာ...ဟင်"
"ဂျက်...စီ....ကာ"
ကျွန်တော်နှင့် တောက်လျှောက်ချစ်လာ ကြိုက်လာ အတူသွားအတူလာခဲ့သည့်ဂျက်စီကာသည် အရင်ကဂျက် စီကာမဟုတ်တော့။ ကျွန်တော်မြင်ဖူးနေကျရုပ်ပိုင်ဆိုင်ထားသည့် ဂျက်စီကာမဟုတ်တော့ ပါ။ ကျွန်တော့်ခေါင်းမိုက်ခနဲဖြစ်သွားပြီးနောက်ပိုင်း ဂျက်စီကာ၏ ရုပ်ရည်လည်း ပြောင်း သွားခဲ့လေပြီ။ ငြိမ်းနှင့် ခွဲမရအောင်တူသည့်ဂျက်စီကာမဟုတ်တော့။ အင်ဒိုနီးရှားသူရုပ်ရည်ပိုင်ဆိုင်ထားသော သာမန် မိန်းကလေးတစ်ယောက်ဖြစ်လို့နေခဲ့ပြီ။ အသားညိုညို မျက်နှာချွန်ချွန်၊ နှာခေါင်းချွန်ချွန်နှင့် ငြိမ်းနှင့်တစ် စက်ကလေးမျှပင်တူမနေတော့ပါ။
"ဇော်ထင် ဘာဖြစ်တာလဲ"
ကျွန်တော်အားနည်းနေသလား။ ဟန်ချက်ပျက်ပြီး ယိုင်လဲကျခါနီးကိုတော်တော်ထိန်းထားလိုက် ရ၏။ သေချာတာကတော့ ဂျက်စီကာ၏ပုံပန်းသဏ္ဍာန်ကိုသဲသဲကွဲကွဲမသိတော့ပြီ။
"ငါ ဂျက်စီကာ့ကိုသိတယ်ဇော်ထင်၊ မင်းပြောသလို ငြိမ်းနဲ့ခွဲမရအောင်တူတာမဟုတ်ပါဘူး၊ ဂျက်စီကာ ဟာ အင်ဒိုနီးရှားနိုင်ငံသူစစ်ဖြစ်ပြီး ငြိမ်းနဲ့ဘယ်လိုမှမတူဘူးဆိုတာ မင်းငါ့ကိုအွန်လိုင်းမှာပြကတည်းက သိနေခဲ့တယ်"
"ဟင် မဟုတ်ဘူးလေ ငါ.."
"ဇော်ထင်"
"အင်း...မင်းမှားနေပြီကြည်သာ..ဂျက်စီကာဟာ ငြိမ်းနဲ့အရမ်းတူတာ လုံးဝနီးပါးတူတာကွာ ..အခုတော့ ...အခုတော့"
ကျွန်တော်ဘာပြောရမှန်းမသိအောင်ဖြစ်နေတုန်းတွင်ပင် ကျွန်တော့်ဖြစ်ကြောင်းကုန်စင်ကိုကြည်သာ က တစ်ခုချင်းရှင်းပြနေသည်။ တကယ်တော့ ဂျက်စီကာသည် ငြိမ်းနှင့်လားလားမှမတူသောမိန်းကလေးတစ် ယောက်ပါ။ ကျွန်တော့်စိတ်ထဲတွင် ငြိမ်းကိုစွဲလမ်းနေမိသည့် အသိသည် ဂျက်စီကာကို ငြိမ်းနှင့်ခွဲမရ အောင်တူသောမိန်းကလေးတစ်ယောက်အဖြစ်မသိစိတ်ကဖန်တီးပေးခဲ့တာပင်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။