(၉)
သူ့ချစ်သူကို ကျွန်တော်ကကြိုက်နေသည်မို့ သူ့ကိုတော့နည်းနည်းရှိန်မိတာတော့အမှန်။ ဒါပေမဲ့ ကြောက် စိတ်တော့လုံးဝမရှိပါ။ ဒီကောင့်ကိုဆွဲထိုးပစ်ချင်နေသည်မှာလည်းအမှန်ပါပဲ။
"ပြောပါဦး မင်း အဲဒီဆိုင်ရောက်နေရတဲ့အကြောင်းအရင်း"
ကျွန်တော့်ကို အဲဒီလိုအကြောကြီးနှင့်စစ်လားဆေးလားမေးနေတော့ ဘယ်သည်းခံချင်ပါ့မလဲ။ မင်း ဘာ ကောင်လဲ ငါဘာကောင်လဲဆိုပြီးဆွဲထိုးပစ်ဖို့ကလည်းအဆင်မပြေလောက်ဘူးဟုထင်မိသည်။ ဒီတော့ သူ့မေးခွန်းကိုမဖြေဘဲ ပခုံးတွန့်ပြလိုက်၏။ ငြိမ်းနှင့်မပတ်သက်ခဲ့လျှင်တော့ ကျွန်တော့အပြုအမူများ သည်ထိုကဲ့သို့အေးစက်နေလိမ့်မည်တော့မဟုတ်ပါ။
"ဟေ့ရောင် ငါမေးနေတယ်လေ"
သူ့အသံကပုံမှန်ထက်ကျယ်သွားတာမို့ ကျွန်တော်နည်းနည်းရှက်သွားပြီး ဘေးပတ်ဝန်းကျင်ကိုကွက် ကြည့်ကွက်ကြည့်လုပ်လိုက်မိသည်။
"မင်းမရှက်ဘူးလား"
သူ့ကိုဆရာလေသံနှင့်ပြန်မေးလိုက်တော့ သူ နည်းနည်းတော့ကြောင်သွားခဲ့လေသည်။
"ဘာကွ"
"မင်း မရှက်ဘူးလားလို့မေးလိုက်တာ၊ ဘာလဲကွာ၊ မင်းရည်းစားကိုမင်းနိုင်အောင်ထိန်းပေါ့၊ ဘာလို့ ငါ့ကိုလာပြီး ပြသနာရှာချင်ရတာလဲ၊ မင်းလုပ်နေတာတွေမှားနေပြီနော်၊ ငါ မင်းစော်နဲ့ဘာမှဖြစ်တာ မဟုတ်ဘူး"
"အေး မဖြစ်အောင်သတိပေးတာ"
"မင်း ငါ့ကိုသတိပေးစရာလည်းမလိုဘူး၊ တားဆီးပိတ်ပင်စရာလည်းမလိုဘူး၊ ဆောင်တော်ကူးဆိုင် က ငါ့ဖောက်သည်ဒီတော့ အဲဒီဆိုင်ကိုငါသွားတယ်၊ သူတို့အပ်တဲ့အလုပ်ကိုငါလုပ်တယ်၊ သူတို့နဲ့ရင်းနှီး တယ်၊ ငြိမ်းနဲ့လည်းရင်းနှီးတယ်၊ အဲဒါ အဆန်းတကြယ်ကိစ္စမဟုတ်ဘူး"
"ငြိမ်းက ငါ့ချစ်သူလေ"
"အဲဒါ ငါစိတ်မဝင်စားဘူး"
ကိုယ့်ရည်းစားက သူများလက်ထဲကိုပါသွားမှာကိုကြောက်နေတာလားလို့တွေးမိပြီး သူ့ကို ရယ်ချင် နေမိတာအမှန်ပင်။ အဲဒီလောက်တောင်အူတိုနေရင် ဂရုတစိုက်ချစ်ပြ၊ ကြင်နာပြပါလား။ အခုတော့ ရည်းစားကိုပြသနာရှာ၊ ရည်းစားနှင့်ပတ်သက်သည့်သူများကိုလည်းပြသနာရှာ မို့ကောင်းသည့်နည်းလမ်း တော့မဟုတ်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။