(၂၃)
"ကြည်သာ အခြေအနေတွေဘာထူးသေးလဲ၊ ငါဒီမှာအခြေကျနေပြီ၊ အချိန်တိုလေးတစ်ခုအတွင်းမှာ အဲဒီလောက်ထိနေသားကျသွားလိမ့်မယ်လို့ငါ့ကိုယ်ငါမထင်ထားခဲ့ဘူး၊ အခုတော့ ဂျာကာတာဟာ ငါ့ အိမ်လိုဖြစ်နေပြီသူငယ်ချင်း၊ ဖြစ်နိုင်ရင်ပြန်တောင်မလာချင်တော့ဘူး"
ကျွန်တော့်မှာတိုင်ပင်ရင်ဖွင့်စရာ ကြည်သာတစ်ယောက်ပဲရှိသည်။ အရင်တုန်းကတော့ လုပ်ဖော်ကိုင် ဖက်၊ လုပ်ငန်းခွင်ထဲကအပေါင်းအသင်းတွေက ကျွန်တော့်ရင်ဖွင့်ဖော်ပေါ့။ ဒါပေမဲ့ အဲဒါတွေဟာ ခဏတာအတွက် အရက်ဝိုင်းမှာထိုင်သည့်အချိန်တိုလေးတစ်ခုအတွက်ပဲဖြစ်ခဲ့သည်။ လူတွေဟာဘာလို့ ကိုယ့်အကျိုးအတွက်သူတစ်ပါးကိုချနင်းတတ်ကြရတာလဲကျွန်တော်နားမလည်တော့။ ကိုယ့်အကျိုးစီး ပွားတစ်ခုဟာ သူတစ်ပါးအတွက် စိတ်ငြိုငြင်စရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာဆိုရင် ဘယ်လောက် ပဲကောင်းမွန်နေပါစေ ရှောင်ကြဉ်ရမှာမဟုတ်ဘူးလား။ သူများဒုက္ခနဲ့ကိုယ်အသက်ရှုမှာထက်စာရင် သေဆုံးသွားတာကမကောင်းဘူးလား။ ကျွန်တော့်အပေါ် လုပ်ငန်းခွင်ကအပေါင်းအသင်းတွေသစ္စာမရှိ ခဲ့ပါ။ ငြိမ်းကရော..ပိုလို့တောင်သစ္စာမရှိခဲ့ပါ။ လူတစ်ယောက်ချင်းစီ၏အကြောင်းကိုစဉ်းစားရင်း ကျွန် တော့်အပေါ်အကောင်းဆုံးကဘယ်သူလဲတွေးမိသည့်အခါ ဂျက်စီကာဖြစ်သွားခဲ့၏။
"ဟိုသီချင်းလိုပါပဲ မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး"
ဟုတ်တယ်။ ဂျက်စီကာဟာ ကျွန်တော့်အတွက်အကောင်းဆုံးအဖော်မွန်ပါပဲ။ သူ၏နွေးထွေးလှသည့် အိမ်မှာ မိသားစုနှင့်ထမင်းလက်ဆုံစားခွင့်ရခဲ့သည်။ အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာနေထိုင်သည့် သူတို့မိသားစု ၏နွေးထွေးမှု ကို ကျွန်တော်ဘယ်လိုလုပ်မျှော်လင့်ခဲ့မှာလဲ။ လုံးဝကိုအံအားသင့်စရာကောင်းလွန်းခဲ့သည်။ ဂျက်စီကာ၏ ကျွန်တော့်အပေါ်ဆက်ဆံပုံလည်းထိုနည်းတူစွာပါပဲ။ စီနီယာ ဂျုနီယာဆိုတာထက် ကျွန်တော့်အ ပေါ်အရမ်းနားလည်မှုရှိသည့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို အလိုက်သိလွန်းသော ညီမ လေးတစ်ယောက် လို ကြင်နာတတ်သည့်ချစ်သူတစ်ယောက်လို အကောင်းတကာအကောင်းတွေချည်း စုနေသည့်အဖော်မွန် တစ်ယောက်ပါပဲ။ ဒါကြောင့် ကျွန်တော်ဂျာကာတာကနေမပြန်ချင်တော့ တာဖြစ်သည်။ ပတ်စ်ပို့သက် တမ်းကုန်ခဲ့ပါလျှင် ဂျာကာတာကနေပဲသက်တမ်းတိုးရင်ကောင်းမလား၊ မြန်မာနိုင်ငံကိုမေ့ထားလိုက်ရင် ကောင်းမလားလည်းတွေးမိပြန်သည်။ ထိုထိုအကြောင်းတွေစုရင်းနှင့်ပဲ မြန်မာကိုသတိရကာကြည်သာ့ ကိုသတင်းမေးဖြစ်ခဲ့ခြင်းပင်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။