(၁၉)
အဲဒီညက အိပ်မက်ထပ်မက်ပြန်သည်။ ဒီတစ်ခါတော့ အရင်ထက်ပိုထူးဆန်းသည်။ ကျွန်တော်အိပ်မက် က အိပ်မက်တစ်ခုအဖြစ်သာမဟုတ်တော့။ ရုပ်ရှင်ပြကွက်တစ်ခုလို ကွင်းကွင်းကွက်ကွက်မြင်ရသည်။ ကျွန်တော်ဂျာကာတာကိုထွက်လာသည့် နေ့ ငြိမ်းတို့မင်္ဂလာဆောင်သည့်နေ့ကမြင်ကွင်းပေါ့။ ကျွန်တော် ပေးသည့်လက်ဖွဲ့ကိုဖောက်ဖို့ သူတို့နှစ်ယောက်ပြောနေကြတာ။
ငြိမ်း၏ဦးလေးက ကျွန်တော်ပေးသည့်လက်ဖွဲ့ကို သူတို့ဆီအရောက်ပေးနိုင်ခဲ့သည်။ အလှပြင်ပြီး ကားပေါ်သို့ တက်လာသည့်သူတို့နှစ်ယောက်နေရာနားတွင် ပါဆယ်ထုတ်ကိုချထားခဲ့သည်။
"ဘယ်သူ့လက်ဖွဲ့ကြီးလဲ"
"အေး ဇော်ထင်ပေးသွားတာလေ"
"အော်"
ဇင်လင်းမောင်က လက်ဖွဲ့ကိုကောက်ယူလိုက်ကာ ဖွင့်ဖို့ပြင်လိုက်သော်လည်း ငြိမ်းက ဇင်လင်းမောင်၏ လက်ထဲက ပါဆယ်ထုတ်ကိုပြန်လုလိုက်သည်။
"မင်္ဂလာဆောင်ပြီးမှ အေးဆေးဖောက်မယ်လေ ဘာလောနေတာတုန်း"
"အော် ငြိမ်းရယ်၊ အဲဒီကောင်ဘာလက်ဖွဲ့သလဲ သိချင်တာပေါ့ ဖောက်ခွင့်ပေးပါ"
"မရပါဘူး"
ငြိမ်းတို့နှစ်ယောက်အချေအတင်ဖြစ်နေကြတာကို ငြိမ်း၏ဦးလေးကပြုံးပြီးနားထောင်နေသည်။ ကားကို ခြံထဲကထွက်ပြီး လမ်းမပေါ်မောင်းထွက်ခဲ့သည်။ တော်တော်ကြာသည်အထိသူတို့နှစ်ယောက်က ငြင်းခုံ လို့ကောင်းတုန်း။
"သူ ငြိမ်းကိုဘယ်လောက်တန်ဖိုးထားသလဲဆိုတာ လက်ဖွဲ့မှာပါတယ်လို့ကိုယ်ထင်တယ်၊ အခြားသူ လက်ဖွဲ့ထက်ဒီကောင့်လက်ဖွဲ့ကိုအရင်ဆုံးဖောက်ဖို့တွေးထားတာ၊ အတော်ပဲ၊ ကိုယ့်ဆန္ဒလေးဒီတစ်ခု ကိုတော့ လိုက်လျောပေးပါငြိမ်းရာ"
ဇင်လင်းမောင်က ကလေးလေးတစ်ယောက်လိုငြိမ်းကိုဂျီကျနေသည်။ ငြိမ်းလည်းကြာကြာနားညည်းမ ခံတော့ဘဲလက်ဖွဲ့ကိုပေးဖောက်စေလိုက်တော့သည်။ သူတို့အတွက် ကံကြမ္မာဆိုးကအဲဒီကနေစတော့ တာပါပဲ။ လက်ဖွဲ့ထဲမှာဘာတွေပါသလဲဆိုတာကို ငြိမ်းရော ဇင်လင်းမောင်ရောစိတ်ဝင်တစားဖောက် ဖွင့်ကြည့်နေရုံတင်မက ငြိမ်းဦးလေးကပါ အသံကိုနားစွင့်နေခဲ့သည်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။