(၁၄)
"ငြိမ်းနဲ့ ဇင်လင်းမောင်ဟာ မကြာခင်လက်ထပ်တော့မယ့်သူတွေပါ"
"ဟင်"
ကျွန်တော့် ကမ္ဘာပြိုသွားခဲ့သည်။
ပြင်းရှရှစကားတစ်ခွန်းခွန်းကြားရမည်ဟုတော့ မျှော်လင့်ထားခဲ့၏။ ဒါပေမဲ့ အဲဒီလောက်ထိပြင်းအား ကောင်းလိမ့်မည်ဟု မထင်ထားခဲ့။ ရင်ခုန်နှုန်းများ တစ်ဒိန်းဒိန်းတုန်ခါသွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော့်မှာ အလုပ်ကလွဲရင်ခင်တွယ်စရာသူငယ်ချင်းများများစားစားရှိသည်မဟုတ်။ မိဘဆိုတာကလည်းမရှိတော့သည်မို့ သံယောဇဉ်တစ်ခုခုရလာလျှင် သူများထက်ပိုပြီးခင်တွယ်တတ်ခဲ့ သည်။ ကျွန်တော်ချစ်ရသော ငြိမ်းကို ဘယ်လောက်ထိလေးလေးနက်နက်ချစ်ရတယ်ဆိုတာ ပြောစရာ တောင်မလိုတော့။
ဒါပေမဲ့ ဒါကိုငြိမ်းမသိခဲ့ပါ။
ငြိမ်းကျွန်တော့်ကိုလှည့်စားခဲ့သည်။ ကျွန်တော့်အပေါ်ပစ်ပစ်ခါခါလုပ်ရက်သည်။ အိမ်ထောင်ပြုမယ် ဟူသည့် အစီအစဉ်ရှိရက်သားနှင့် ကျွန်တော်နဲ့ချစ်သူဖြစ်ခွင့်ကိုဘာလို့များပေးခဲ့ရက်တာလဲငြိမ်းရယ်။
"ဘာကြောင့်လဲ"
မေသန့်တို့ကို မေးမိသည်။
ကျွန်တော့်ဝမ်းနည်းနာကျင်မှုတွေက ရှိုက်ရှိုက်တက်လာခဲ့သည်။ ကျွန်တော်မျှော်လင့်တောင့်တခဲ့သည့် အရာတစ်ခု အလိုချင်ဆုံးအရာတစ်ခု တကယ်ပဲဆုံးရှုံးရခဲ့ပြီလေ။
"ကျွန်တော့်ကိုဘာလို့ အဲဒီလိုလုပ်ရက်ခဲ့တာလဲ"
စိတ်မကောင်းတာရော၊ မယုံကြည်ချင်တာရော၊ ဝမ်းနည်းတာရော အရာအားလုံးရောစွက်ကာ ငြိမ်း နှင့် သာမျက်နှာချင်းဆိုင်ဖြေရှင်းမိချင်သည်။
"အားနာပါတယ်ဇော်ထင်ရယ်၊ ကျွန်မတို့လည်း တော်တော်စိတ်မကောင်းဖြစ်မိတယ်၊ ဇော်ထင့်ကို လည်း အရမ်းသနားမိတယ်၊ ငြိမ်းအခုလိုလုပ်ရတာကလည်း ဇင်လင်းမောင်ကြောင့်ပါ"
"ဟုတ်ပါတယ်၊ သူတို့နှစ်ယောက်က ခဏခဏပြသနာတက် စိတ်တွေဆိုးနေကြတာလေ၊ ကျွန်မတို့နဲ့ လည်း ဇင်လင်းမောင်နဲ့တစ်စက်မှကိုမတည့်တာ၊ မျက်နှာချင်းဆိုင်ရင်တော့ သူ့ကိုမုန်းလွန်းလို့.."
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။