(၈)
"ဘာလာလုပ်တာလဲ"
ငြိမ်းက သူ့ကို စိမ်းစိမ်းကားကားမေးခဲ့သည်။ သူတို့နှစ်ယောက်ပြန်လည်ပြေလည်ဖို့ ကျွန်တော်ဆုမ တောင်းပေးပါ။ ငြိမ်း၏သူငယ်ချင်းတွေကော သူတို့နှစ်ယောက်ကိုအဆင်ပြေစေချင်သလားဟု စဉ်းစား မိသော်လည်း တကယ်တမ်းလက်တွေ့တွင်တော့ ကျွန်တော်ထင်သလိုဖြစ်နေခဲ့သည်။ သူတို့လည်း ဟို ကောင့်ကို ကြည့်မှ မရဘဲလေ။
"ကိုယ်ငြိမ်းဆီလာတာလေကွာ"
အဲဒီကောင်ပုံစံက အေးအေးဆေးဆေးပါပဲ။ ချစ်သူဆီကိုလာလည်သောကောင်လေးတစ်ယောက်ပုံစံပါ ပဲ။ ရန်ဖြစ်ထားတယ်၊ ပြသနာတက်ထားတယ် ဆိုသည့် အရိပ်အယောင်၊ ခံစားမှုများမတွေ့ရ။ အခုမှ သူ့ပုံစံကို သဲသဲကွဲကွဲပိုမြင်မိသည်။ ခပ်ပိန်ပိန်၊ မျက်နှာချိုချိုနှင့်ပါပဲ၊ ရုပ်ရည်ခပ်ချောချော၊ ခပ်သန့်သန့်မို့ စော်ကြည်မယ့်သူဟု သတ်မှတ်လိုက်သည်။ ကျွန်တော့်လိုပဲ တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ထားသည်။
ဆောင်တော်ကူးဆိုင်၏ အတွင်းအခန်းထဲအထိကိုသူဝင်လာခဲ့တာပါ။ ဆိုင်ခန်းထဲ ပစ္စည်းပြခန်းထဲတွင် တော့ ဝန်ထမ်းကောင်မလေးတစ်ချို့အရောင်းပြလို့နေလေ၏။ ကျွန်တော်က ဒီဂျစ်တယ်မာကတ်တင်း ဆိုင်ရာများကို ငြိမ်းတို့သုံးယောက်ကိုပြနေသည်မို့ ငြိမ်းတို့အားလုံးက ကျွန်တော်နှင့်အတူတူအတွင်းခန်း ထဲတွင်ရှိနေခဲ့သည်ပင်။ သူရောက်နေမှန်းသိတော့ အပြင်ဖက်ဆီကိုအားလုံးရောက်သွားကြသည်။
သူကကျွန်တော့်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒါပေမဲ့ သိပ်စိတ် ဝင်စားဟန်မတူ။ ခဏလေးနှင့် အကြည့်လွှဲသွားခဲ့၏။ ထိုပုံအတိုင်းဆိုပါက သူကျွန်တော့်ကိုမမှတ်မိတာလား၊ ဘယ်နေရာမှာတွေ့ဖူး သလဲဆိုတာ စဉ်းစားသွားတာလားမပြောတတ်။
"ငြိမ်းတို့ပြတ်စဲပြီးပြီပဲ၊ မလာနဲ့တော့လေ"
"ဟာ ငြိမ်း."
"ဇင်လင်းမောင် ငြိမ်းရှင်နဲ့မပတ်သတ်ချင်တော့ဘူး၊ ဒီကိုဘာအကြောင်းကိစ္စနဲ့မှမလာပါနဲ့၊ ဒေါသမထွက် ခင်အေးအေးဆေးဆေးပြန်လိုက်ပါ"
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။