(၂၀)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၏ Tampaksiring ဟုခေါ်ဆိုကြသောမြို့အနားတွင် Tirta Empul temple တည်ရှိပါသည်။ မြင့်မြတ်သောရေကန် အဖြစ်သက်ဝင်ယုံကြည်သူတွေက ရေစိမ်ကြ ရေချိုးကြပါသည်။ လူက တော်တော်လေးလည်းများ သည်။ ဂျက်စီကာက ကျွန်တော့်ကို ဒီကိုခေါ်လာသည့် အကြောင်း ရှိပါသည်။ ကျိတ်ကျိတ်တိုးမတတ်စည်ကားသည့်နေရာမို့ လူအားလုံး၏ယုံကြည်မှုက မည်မျှပြင်းထန်ကြ သည်လဲဆိုသည်ကို အလွယ်တကူခန့်မှန်းနိုင်ပါသည်။ အချို့ကတော့ ခရီးသွားဟန်လွဲလာကြသည်လည်း ဖြစ်ပုံရသည်။
"ယူ့စိတ်ထဲမှာ ငြိမ်းကိုတော်တော်စွဲလန်းနေတယ်၊ သူ့ကိုမရလိုက်တဲ့ဆုံးရှုံးမှုကတစ္ဆေတစ်ကောင်လို ခြောက်လှန့်နေတယ်၊ အခု ငြိမ်းကွယ်လွန်သွားပြီဆိုတော့ ငြိမ်းကိုသတိရတမ်းတစိတ်ကပိုလို့တောင် ဖြစ်နေမယ်၊ ခြောက်ချားမှုတွေပြည့်နေတဲ့ ယူ့ စိတ်နဲ့ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်တဲ့ရေနဲ့ဆေးကြော သန့်စင်ပစ်မှရမယ် ဇော်ထင်"
သူကျွန်တော့်ကို တော်တော်စေတနာထားခဲ့ပါသည်။
ဘာလီလိုနေရာမျိုးကိုခေါ်လာခဲ့သည်မှာ တော်ရုံသံယောဇဉ်ကြောင့်မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါ သည်။ အင်ဒိုနီးရှားနိုင်ငံက ကျွန်းပေါင်းများစွာနှင့် တည်ဆောက်ထားတာကြောင့် တစ်နေရာနှင့် တစ်နေ ရာ နည်းနည်းစီလှမ်း၏။ ဂျာကာတာကနေ ဘာလီကိုလာဖို့ လေယာဉ်စီးလာရပါသည်။
ဘာလီရှိ သူလိုက်ပို့ လိုက်ပြသည့်နေရာများမှာ မြင်မြင်သမျှစိမ်း လန်းသာယာပြီး မျက်စိအေးစေသည်။ ပြီးတော့ ရေတွေ၊ ဘာလီရဲ့ရေတွေကဘာလို့ ပြာလဲ့ကြည်လင် နေပါသလဲ။ နတ်ဘုရားများဖန်ဆင်းထား သလားအောက်မေ့ရအောင် ရင်သပ်ရှုမောဖွယ်လှပါသည်။ ကျွန်တော်ရောက်နေသည့် နေရာလေးကနေ ကြည့်လျှင်တောင် ဒီလောက်လှတာ ခရီးသွားစရာနေရာအနှံ့လျှောက်ပတ်လှည့်လည်ကြည့်မည်ဆိုပါက ဒီထက်ပိုသည့် ရင်သပ်ရှုမောစရာမြင်ကွင်းများကို မြင်ရလိမ့်မည်မှ အသေအချာပင်။
ဂျက်စီကာ ကတော့ သူ့မွေးရပ်မြေကို ကြွားလုံးထုတ်လို့မဆုံး။
YOU ARE READING
မြူခိုးရယ်....ဝေ
عاطفيةပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။