"မြူခိုးရယ်.....ဝေ" အပိုင်း (၂၄)

32 3 0
                                    


(၂၄)

အင်ဒိုနီးရှားရဲ့အမှတ်အသားက ဂါရူဒါ ငှက်တဲ့။ ဂျာကာတာသည် ရန်ကုန်နှင့်ထူးမခြားနားပါပဲ။ လေထု ညစ်ညမ်းလှသည်။ နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေနနှင့်ကြုံရသည်။ ဒီထက်ဆိုးတာက မြို့တစ်ခုလုံး ရေ အောက်ကိုရောက်တော့မည့်ပြသနာရှိနေသည့်အဖြစ်ပါပဲ။ ဂျာကာတာမြို့တွင်းကိုစီးဝင် သည့်မြစ်ပေါင်း ၁၀ စင်း ကျော်ကျော်ရှိနေပြီး တစ်နှစ်ပတ်လုံးနီးပါးမိုးရွာတော့ မြို့တစ်ခုလုံးရေ အောက်ကိုရောက်သွားတော့မည့်ပြသနာကြီးထွားလာတာမဆန်းပါဘူး။ ဒါကိုကာကွယ်ဖို့ အမျိုးမျိုးကြိုး စားနေကြတာသတင်းများတွင် ဖတ်ရသည်။

ဂျာကာတာ၏ မိုးကရန်ကုန်လောက်မပြင်း၊ မကြီးပါ။ တစ်ခါ တစ်လေ တစ်ပြောက်နှစ်ပြောက် လောက် နှင့်ပြီးသွားသည်။ တစ်နှစ်ကိုရက်ပေါင်း ၃၀၀ လောက်မိုးရွာသတဲ့။ ကျွန်တော်နေသည့်ရက်တော် တော်များများလည်းမိုးရွာတတ်ပါသည်။ ညဖက်မိုးကြီးရွာသည့်ရက်များတော့မကြုံရသေး။ နေ့ခင်းဖက် ခဏရွာပြီးလျှင်ပြီးသွားတတ်၏။

"အင်ဒိုနီးရှားကိုသိမ်းပိုက်ခဲ့တဲ့ ဒတ်ချ်လူမျိုးတွေဟာ မြစ်ရေတွေစီးထွက်အောင်တူးမြောင်းတွေဖောက် လုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမြို့ကျယ်လာတဲ့အခါမှာတော့ အဆင်မပြေတော့ဘူး၊ တဖြည်းဖြည်းနဲ့ အမှိုက်တွေ ကျုးကျော်ရပ်ကွက်တွေနဲ့ ဂျာဗားပင်လယ်အောက်ကိုတစ်မြို့လုံးရောက်တော့မယ့်ပြသနာ ကိုကြုံလာရတော့တာပါပဲ"

ဂျက်စီကာရှင်းပြနေတာကိုနားထောင်ပြီးရန်ကုန်ကိုသတိရသွားသည်။ ကျွန်တော်နေထိုင်သောမြို့တော် ရန်ကုန်။ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်တွင်လည်း အလားသဏ္ဍာန်တူပြသနာမျိုးရင်ဆိုင်နေရာတာပါ ပဲ။ ယာဉ်ကြောပိတ်ဆို့တာခဏဖယ်ထား။ အမှိုက်ပြသနာပေါ့။ မိုးတွင်းဆို တစ်မြို့လုံးရေလျှံနေတော့ အမှိုက်တွေပေါလောမျော၊ ရေမြောင်းတွေပိတ်နေတော့ ရပ်ကွက်တွေမှာရေလျှံ။ မီးကြိုးတွေပြတ်တာ ကြောင့် လူတွေဓါတ်လိုက်သေဆုံးတာတွေလည်းဖြစ်တာမျိုးကြားရတာခဏခဏ။ ကြည်သာတို့နေတဲ့ ရပ်ကွက်ဆိုပိုဆိုးသည်။ သူတို့ရပ်ကွက်အဆုံး၊ လမ်းအဆုံးမှာလယ်ကွင်းပြင်ရှိသည်။ အဲဒီလယ်ကွင်း ပြင်ကနေဆက်သွားလျှင်လှိုင်မြစ်တည့်တည့်ပေါက်သည့်လမ်းပေါ့။ မိုးတွင်းကျတော့ လှိုင်မြစ်ထဲကရေက ကြည်သာတို့လမ်းအထိတက်ကာ ရပ်ကွက်ရေလျှံသည်။ ရေကျသွားတော့အမှိုက်တွေရေနှင့်ပါသွားပြီး လှိုင်မြစ်ထဲစီးဝင်သွား၏။ ဒါပေမဲ့ လွန်ခဲ့သောသုံးနှစ်လောက်က လယ်ကွင်းကျယ်ကြီးကိုအိမ်ရာစီမံကိန်း ကြီးတစ်ခုဆောက်ဖို့မြေလာဖို့တော့သည်။ မြေကြီးတွေဖို့ရုံနှင့်မပြီးသေး။ စီမံကိန်းပိုင်ရှင်က အနားတစ် ၀ိုက်မှာရှိသည့်ကျုးကျော်တဲများကိုစျေးကောင်းပေးပြီးလိုက်ဝယ်သည်။ အရင်တုန်းကဆို ကြည်သာတို့ ၏ အဲဒီလမ်းအဆုံးမှာ ဘာအိမ်မျှမရှိ။ နောက်ပိုင်း ရပ်ကွက်ကပိုင်ရာဆိုင်ရာတွေက ပိုက်ဆံသုံးလေးငါး သောင်းနှင့်ကျုးကျော်တဲများကိုနေခွင့်ပေးခဲ့သည်။ ဒီတော့ လမ်းအဆုံးမှာ ကျုးကျော်တဲများကိုအစီအရီ တွေ့ရတော့သည်။

မြူခိုးရယ်....ဝေWhere stories live. Discover now