(၁၆)
ဟိန်းဇော်ထင်ဟု အမည်တွင်ခဲ့သော ကျွန်တော်သည် ငြိမ်းနှင့်သူငယ်ချင်းအဖြစ်ရှိနေခဲ့ပါသည်။ ခါတိုင်း လိုပဲ ငြိမ်းတို့၏ ဆောင်တော်ကူးဆိုင်ကို အွန်လိုင်းတွင်အရောင်းတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှကူညီ ပေးခဲ့သည်။ ငြိမ်း ဆိုင်မှာရှိနေသည့်အချိန်ဆိုပါလျှင် ကျွန်တော်ပျော်မိသလို ဝမ်းလည်း နည်းရသည်။ ငြိမ်းနှင့် သူငယ်ချင်းဖြစ်ခွင့်က သာယာသလို စိတ်လည်းကျဉ်းကြပ်ရသည်။
"ပေါက်မယ်လို့ထင်ထားတဲ့ တစ်ချို့ပို့စ်တွေကမပေါက်ဘူး မထင်မှတ်တာတွေက ထ ပေါက်တယ်"
ကျွန်တော့်ဆောင်ရွက်ချက်တော်တော်များများကို ငြိမ်းတို့ကအသိအမှတ်ပြုကြလေသည်။ တစ်ခုရှိ သည်က အရင်လိုအခမဲ့ပေးမလုပ်တော့။ ပညာရှင်ကြေးဆိုပြီး စာအိတ်အဖြူလေးထဲ ဒေါ်လာအချို့ထည့် ပေးတတ်သည့်အလေ့အထရှိလာသည်။ ပထမတော့အကြောက်အကန်ငြင်းပေမယ့် ကျွန်တော်မယူ လျှင်ဆောင် တော်ကူးဆိုင်ကိုဖိတ်ခေါ်တော့မှာမဟုတ်သည့်ပုံစံကြောင့်ယူရတော့သည်။ ကျွန်တော့်အ လုပ်ကလည်း ဆောင်တော်ကူးဆိုင်ကိုသွားရန်အတွက် အချိန်သပ်သပ်ခွဲပေးလေတော့ ရသည့်ပိုက်ဆံက အလုပ်ကိုတစ်ဝက်ပြန်အပ် ပြန်ခွဲပေးလိုက်၏။
"ဆိုရှယ်မီဒီယာရဲ့သဘာဝကအဲဒါပါပဲ၊ တကယ့်ခံစားချက်အပြည့်နဲ့ရေးတာမျိုး တကယ်အားစိုက် ထားတာမျိုးက လူသိမများဘဲမထင်မှတ်ဘဲ ခပ်လွယ်လွယ်ပေါ်ပင်လုပ်လိုက်လို့ပေါက်သွားတာကများ တယ်၊ အခြေအနေနဲ့အချိန်အခါကိုက်ညီတာကြောင့်လည်းဖြစ်မယ်"
ဇင်လင်းမောင်ကိုတော့ တစ်ခါတစ်လေတွေ့ရပါသည်။ ငြိမ်း၏သူငယ်ချင်းများနှင့်အကြောမတည့် သည်ကြောင့် ဆိုင်ထဲကိုတော့မလာ၊ ဆိုင်အပြင်ကနေ အပြန်လာလာကြိုတတ်တာတွေ့ရသည်။ ရန်ဖြစ်တာ ကိုတော့ သိပ်မတွေ့ရတော့။ ဇင်လင်းမောင်၏အချိုးက အရင်ကထက်စာလျှင် အဆင်ပြေ သည့်ပုံစံပေါက် လာသည်။ ကျွန်တော့်အပေါ်ကိုလည်း သိပ်တင်တင်စီးစီးမဆက်ဆံတော့။ ပြုံးပြတာမျိုး အခိုက်အတန့်ကိုတောင် လုပ်တတ်လာသည်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။