(၁၇)
ညအမှောင်ထုကကြီးစိုးခဲ့လေပြီ။ ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့သော ဂျက်စီကာ၏မျက်နှာပေါ်တွင် ကြင်နာသနားမှုများကိုမြင်နေရသည်။ အဲဒီမျက်ဝန်း၊ မျက်ခုံးနှင့်မျက်နှာပြင်၊ နှုတ်ခမ်းတိုသည် ငြိမ်းနှင့် တစ် ထေရာတည်းတူသောအရာများပေါ့။ ကျွန်တော်အရမ်းခုံမင်တပ်မက်ခဲ့သောအရာများပေါ့။ လူမျိုး ချင်းလည်းမတူ၊ ဘာသာချင်းလည်းမတူ၊ နိုင်ငံချင်းလည်းမတူဘဲ ဘာကြောင့်များ ရုပ်တူနေရသလဲ စဉ်း စား၍ မရနိုင်အောင်ပင်။
"အခု သူတို့လက်ထပ်ပြီးပြီပေါ့"
"အင်း ဟုတ်တယ်၊ သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ ငါ ဒီကိုလာခဲ့တာ"
"သူတို့ ရဲ့ ဟန်းနီးမွန်းက အင်ဒိုနီးရှားဆိုရင်ကော..."
ကျွန်တော် မျက်လုံးပြူးသွားမိသည်။
ညတုန်းက အိပ်မက်ထဲတွင် မြင်ခဲ့ရသောသူတို့က တကယ်များလာခဲ့တာလား။ သူတို့ ဂျာကာတာကိုတ ကယ်လာတာလားတွေးပြီး ချောက်ခြားသွားမိလေသည်။
"စတာပါ ဘာလို့အဲဒီလောက်ကြောက်သွားတာလဲ"
ကျွန်တော့်မျက်နှာအမူအရာကို သူကောင်းကောင်းဖတ်မိပုံပေါ်သည်။
"ဆောရီး တစ်ခုခုကိုတွေးမိသွားလို့ပါ"
ဂျက်စီကာပြုံးသည်။ အဲဒီအပြုံးလေးလည်းတူနေတာပါပဲ။ ရုပ်ရှင်ထဲကလို အမွှာတွေငယ်ငယ်တုန်းက တည်းက ကွဲသွားတာများလား။ ကျွန်တော်သိသလောက်ကတော့ ငြိမ်းမှာလည်းအဲဒီလိုအဖြစ်မျိုးမရှိ ပါဘူး။ ငြိမ်းမှာ ညီမတစ်ယောက်ပဲရှိတာ အဲဒီညီမကလည်း သူနဲ့ရုပ်ရော စိတ်ရောတစ်ခြားစီရယ်။
"သူက ဇော်ထင့်ကိုအသုံးချခဲ့တာပဲ"
"အိုး အမှန်ပဲ"
အဲဒီအကြောင်းတွေရော မစွန့်လွှတ်နိုင်တာတွေရောစုပေါင်းပြီး သူတို့နှစ်ယောက်ကိုကျွန်တော်သတ် ပစ်ခဲ့တာပေါ့။ တရားဥပဒေနှင့်မလွှတ်ကင်းသောအလုပ်ကို ယခင်တုန်းကလည်းမလုပ်ဖူး လုပ်ရန်လည်း ဘယ် တုန်းကမှမတွေးခဲ့သောကျွန်တော်သည် လက်လုံးဗုံးကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ အကွက်ကျကျစီ စဉ်ခဲ့ သည်။ ငြိမ်းတို့နှစ်ယောက် ကမ္ဘာမြေကြီးကနေကွယ်ပျောက်သွားဖို့ ကြံမိကြံရာ ကြံခဲ့သည်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။