(၂၇)
"ဇော်ထင် မင်းပြန်လာခဲ့ပါ၊ ငြိမ်းနဲ့ပတ်သက်ပြီးတော့လည်းနေသားကျ နေပြီလို့ယူဆပါတယ်၊ သူများ နိုင်ငံမှာအကြာကြီးနေလို့မကောင်းဘူး ပြန်လာခဲ့ပါ၊ အင်ဒိုနီးရှားက မင်းကောင်မလေးကိုလည်း ခေါ်လာခဲ့ပေါ့"
ကြည်သာစာပို့ထားသည်ကို အမှတ်တမဲ့တွေ့လိုက်ရတော့အကြောင်းတစ်ခုခုရှိနေပြီလားဆိုတာ သံသယ ဝင်မိလေသည်။ ဂျက်စီကာကလည်း ရန်ကုန်ကိုလိုက်ချင်တယ်၊ ရန်ကုန်ကိုပြန်ဖို့တွန်းအားပေးနေတဲ့ ကာလလည်းဖြစ်နေတော့ စိတ်ထဲမှာတစ်စုံတစ်ခုလေးနေသလိုပင်။
"အေး ပြန်တော့လာချင်တယ်၊ ဒါပေမဲ့"
ကျွန်တော်မတင်မကျပြောလိုက်ပြီးမှ နောင်တရလေသည်။ ကြည်သာ့ကို ရှင်းပြစရာအကြောင်းမှမရှိ တာ။ ရှင်းပြလျှင်လည်း ဟိုကိစ္စပေါ်ကုန်မှဖြင့်။
"အေး ဘာဖြစ်လို့လဲ"
"ပြန်တော့မလာချင်သေးဘူး၊ ငါ ဒီမှာ ပျော်နေတာ"
"မင်းကွာ"
သူ ဘာမျှမှတ်ချက်မပေးတော့လည်း ကျွန်တော်စိုးရိမ်မိပြန်သည်။
"အကြောင်းတစ်ခုခုရှိလို့လား ကြည်သာ"
ဟိုကိစ္စပေါ်သွားရင်သွားပြီ။ အရာအားလုံးအဖတ်ဆယ်လို့မရတော့။ ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို ထောင်ထဲမှာပဲဖြတ်သန်းရမည်။ ဒီလိုအဖြစ်ကိုကျွန်တော်မလိုချင်ပါ။ ဂျာကာတာမှာဘယ်လိုအခြေ အနေနဲ့ပဲနေရနေရ ရန်ကုန်တော့ပြန်တော့မှမဟုတ်။ အခြေအနေအေးအေးဆေးဆေးဘယ်သူမှလည်း မသိဘူးဆိုရင်တော့ သိပ်မကြာခင်ပြန်ဖို့ဆုံးဖြတ်ပြီးသားပါ။
"ဟင် ဘာအကြောင်းရှိရမှာလဲကွ၊ မင်းနဲ့ပတ်သက်ရင် ရန်ကုန်မှာငြိမ်းကိစ္စတစ်ခုပဲထွေထွေထူးထူးရှိတာ လေ၊ အခုက ငြိမ်းကိစ္စလည်းတည်ငြိမ်သွားပြီ၊ သူတို့မိသားစုကလွဲရင်ကျန်တဲ့သူက မေ့ချင်ချင်တောင် ဖြစ်နေကြတာကိုဘာအကြောင်းရှိရမှာတုန်း၊ ငါမင်းကိုပြန်ခေါ်တဲ့အချက်က သူများနိုင်ငံမှာအကြာကြီး မနေစေချင်ဘူးကွ၊ နေသင့်သလားမနေသင့်ဘူးလားဆိုတာမင်းလည်းသိပါတယ်"
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။