Part(1)

11.9K 311 4
                                    

"ယံလင်းထက် ထတော့ သားထတော့လို့"

ဒေါ်သက်လင်းမေ တစ်ယောက်အိပ်ပုပ်ကြီးတဲ့ ချစ်လှစွာသော သားတော်လေးယံလင်းထက်အားနှိုးနေခြင်းဖြစ်သည်

"ဒေါက် ဒေါက်...."(တံခါးခေါက်သံ)

"နိုးပြီ မေမေ နိုးပြီ မခေါ်နဲ့တော့"

"အေး ​အေး နိုးရင်လာရေမိုးချိုးပြီး ဆင်းလာခဲ့"

ဒေါ်သက်လင်းမေ ဆင်းသွားသည်နဲ့ ယံလင်းထက်လည်း အိပ်ရာပေါ်မှဆင်းကာ ရေမိုးချိုး အဝတ်အစားလဲတော့သည်

ဒီနေ့က တက္ကသိုလ်နောက်ဆုံးနှစ်ရဲ့ပထမနေ့ပင်ဖြစ်သည်
ထို့​ကြောင့်ယံလင်းနောက်ကျလို့မဖြစ်
သူငယ်ချင်းများကသူ့အားစောင့်နေမည်ဖြစ်သည်

*****************************

"အော် သားလာမနက်စာလာစား"

အောက်ထပ်ရောက်သည်နှင့် မနက်စာစားရန်ထမင်းစားခန်း၌ ယံလင်းမိဘတွေစောင့်နေလေသည်

"မောနင်း ဖေဖေ မောနင်းမေမေ..."

ယံလင်း နှုတ်ဆတ်ပြီးသည်နှင့် ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ မနက်စာစားလေသည်

"သား သားမှာချစ်သူရှိလား"

ဒေါ်သက်လင်းမေဆီမှ ဆိုလာခြင်းဖြစ်သည်

"No မား မရှိဘူး"

ဒေါ်သက်လင်းမေ တစ်ချက်ပြုံးလိုက်ပြီး

"ကောင်းတာပေါ့ ချစ်သူမရှိတော့ မေမေကမေမေ့မိတ်ဆွေရဲ့သားနဲ့သားကိုလက်ထပ်ပေးဖို့"

ဒေါ်သက်လင်းမေရဲ့ပြောစကားကြောင့် ယံလင်း သောက်လက်စ ကော်ဖီပင် သီးသွားသည်

"ဘာပြောတယ် မေမေ သားကိုယောကျာ်းပေးစားဖို့လား မယူဘူးနော်မယူဘူး"

"ယောကျာ်းမယူတော့ နင်ကဘာလုပ်မှာလဲ"

"မိန်းမယူမှာပေါ့"

ဒေါ်သက်လင်းမေ ဟက်ပတ်ပတ်ရယ်ရင်း

"နင်ကမိန်းမယူမယ် စဉ်းစဉ်းစားစားလည်းပြောပါဦး ငါ့သားရယ် နင်ကဘယ်မိန်းမကိုယူမှာလဲ နင့်ကိုကောဘယ်မိန်းကလေးကယူမှာတဲ့လဲ ကိုယ့်မျက်နှာလည်းကိုယ် မှန်ထဲပြန်ကြည့် အသားအရေကဖြူဖြူဖွေးဖွေး နှုတ်ခမ်းကနီနီ မျက်လုံးကဝိုင်းဝိုင်း ယောကျာ်းတန်မဲ့ cute typeဖြစ်နေတဲ့ပုံကို ဘယ်မိန်းကလေးကယူမှာလဲ မိန်းကလေးနဲ့ နင်လားငါလားပုံနဲ့များ မိန်းမယူဦးမယ် ဟား ဟား...."

ဒေါ်သက်လင်းမေရဲ့စကားကမမှားပေ ယံလင်းကတကယ့်ကို မိန်းကလေးပုံနဲ့ တကယ်မကြိုက်ဘူး ဒီပုံစံမျိုးကို ယံလင်းတစ်ကယ်မကြိုက်ပေ

ယံလင်းဆူဆူပုပ်ပုပ်ဖြင့် ဒေါ်သက်လင်းမေအား

"အဲ့တာအမေတို့ကြောင့်လေ အမေတို့ကအဲ့လိုမွေးခဲ့တာလေ သားကိုအပြစ်မပြောနဲ့ သားကတော့မယူဘူးယောကျာ်း တစ်သက်လုံးမယူဘူး"

"တော်စမ်း ယံလင်းထက် ငါပြောတာနားထောင် စောဒကမတက်နဲ့ လက်ထပ်ရမယ်ဆို လက်ထပ်ရမယ် ဒါငါ့အမိန့်"

ဒေါ်သက်လင်းမေရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ယံလင်းဘာမှမပြောနေ့တော့ဘူး အဖေဖြစ်သူ ဦးမျိုးမင်းယံကိုသာ မျက်လုံးလေးအဝိုင်းသာဖြင့် အကူအညီသာတောင်းနေတော့သည်

ဦးမျိုးမင်းယံ တစ်ဦးတည်းသော သားလေးရဲ့မျက်နှာညိုးငယ်နေတာကြောင့် စိတ်မကောင်းစွာနဲ့ဘဲ

"ဒီမှာ ငါ့သား အဖေ့ကို အကူအညီမတောင်းနဲ့ အဖေလည်းမင်းအမေ အမိန့်ကို မတတ်နို်င်ဘူး မိဘစကားနားထောင်လိုက်ပါ သားရယ်"

ဦးမျိုးမင်းယံ သားဖြစ်သူကိုသနားသောလည်း သတ်ဖြတ်တော့မယ့်အတိုင်းကြည့်နေတဲ့ မိန်းမဖြစ်သူကိုတော့ မတော်လှန်ရဲပေ

(A/N- ဦးမျိုးမင်းယံက မယက😂😂😂)

မိဘနှစ်ပါးလုံးရဲ့ အမိန့်ကြောင့် ယံလင်းဘာမှမပြောနိုင်တော့ဘဲ ခေါင်းသာအောက်စိုက်နေရတော့တယ်

*************************

"ဟျောင့် ယံလင်း မြန်မြန်လာ ငါတို့မင်းကိုစောင့်နေတာ"

ကန်တင်းထဲက သူငယ်ချင်းတွေရဲ့ခေါ်သံကြောင့် ယံလင်းသူတို့ဆီသို့ သွားလိုက်ရတယ်
စိတ်ကတော့လွင့်နေတုန်းဘဲ

"ဟျောင့် မျက်နှာမကောင်းပါလား ဘာဖြစ်နေတာလဲ"

"ငါ့မိဘတွေက ငါ့ကို ယောကျာ်းပေးစားဖို့တဲ့"

ယံလင်းရဲ့ စကားကြောင့် သူငယ်ချင်းဖြစ်တဲ့ မျိုးအောင်နဲ့ ကျော်လွင်တို့ ဟားတိုက်ကြတော့သည်

"ဘာ မင်းအမေကမင်းကို ယောကျာ်းပေးစားဖို့ ဟား ဟား......"

"မင်းတို့မရယ်နဲ့"

"ကောင်းပါတယ် မင်းရှာစရာမလိုဘဲ လင်ကောင်းသားကောင်းရတာပေါ့"

မိဘတွေတင်မက သူငယ်ချင်းတွေရဲ့စကားကြောင့် ယံလင်းသွေးအန်ချင်စိတ်ပင် ပေါက်သွားသည်

"မင်းတို့ခွေးကောင် $###$&**$#$$/#$?%^<#$%>><"




----------------------------------------------

သက်ဆုံးတိုင်(complete)Where stories live. Discover now