*ချစ်ရသူနဲ့ ပေါင်းဖက်လိုပါ၏။မချစ်ရသူနဲ့ ဝေးဝေးနေလို၏။*ဘဝမှာ အပြည့်ချင်ဆုံး ဆုတောင်းလေး။ပြည့်ခဲ့တာပေါ့ ဒီဆုတောင်း။
ဒါပေမဲ့ တောင်းခဲ့တဲ့ ဆုတောင်းက မှားနေလိမ့်မှန်းတော့ မသိခဲ့ဘူး။
~~~~~ဇာတ်ရံ~~~~~ကြွရောက်လာကျသော ဧည့်ပရိတ်သတ်အပေါင်းတို့ခဗျား ကျွန်တော်တို့ ခုလိုစုဝေးနေကြတာကတော့ ကိုဘုန်းပြည့်လျှံဝေ နဲ့ ကိုသော်တာရှင်းသန့်တို့ရဲ့ မင်္ဂလာပွဲကို အသိသက်သေပြုပေးကြဖို့ပဲ ဖြစ်ပါတယ်။ခုလိုမင်္ဂလာအချိန်လေးအတွင်းမှာ.........
"ဟွန်း....မင်္ဂလာချိန်ဆိုပဲ...တော်တော်လေး မင်္ဂလာရှိတယ်ထင်နေလား မသိဘူး"
"အေးလေ....ငါကြားရသလောက်တော့ ဟိုကောင်လေးကို ကိုဘုန်းကို ဆေးခတ်ပြီး အတင်းယူလိုက်တယ်ဆိုပဲ""မရှက်ဘူးလား မသိဘူးနော်။ယောကျာ်းလေးချင်းကိုတောင်..."
"အမလေး...သူကသာ အရှက်မရှိလို့ ဒီလိုလုပ်ရက်မျိုးလုပ်နိုင်တာ။သူ့မိသားစုကတော့ သူတို့သားအကြောင်းသိနေတော့ မင်္ဂလာပွဲတောင် မလာရဲဘူးလေ"
"ကိုဘုန်းကတော့ လူကြီးလူကောင်းဆိုတော့ သူပဲ တာဝန်ခံလိုက်တာ နေမှာပေါ့...အရင်ကတည်းကလည်း ကိုဘုန်းက အားနာတတ်တဲ့လူမျိုးရယ်"
"ဟုတ်ပဟယ်။အဲလိုရွံစရာအခြောက်ကောင်နဲ့ လက်ထပ်လိုက်ရတဲ့ ကိုဘုန်းကိုပဲ သနားမိတယ်"
သူကြားနေရတဲ့ အတင်းအဖျင်းစကားတွေ။သူတောင် ကြားနေရတယ်ဆိုတော့ ဘေးမှာ ရပ်နေတဲ့ ကိုဘုန်းလည်း ကြားမိမှာပဲ။
သူတို့ပြောလည်း ပြောချင်စရာပဲ။ကိုဘုန်းက တကယ်သနားဖို့ကောင်းတယ်...ကိုယ့်လို တန်ဖိုးလည်း မရှိ အသုံးမကျတဲ့ သူကို အဆွေခင်ပွန်းအဖြစ် တာဝန်ယူလက်ထပ်ခဲ့ရလို့။ဒါပေမဲ့ ကိုဘုန်းကို ယုံစေချင်တယ် ဒီလိုဖြစ်အောင် လုပ်ခဲ့တာ ကျွန်တော်မဟုတ်ဘူး ဆိုတာကို။လွန်ခဲ့သော ၂ပတ်.....
"ဟယ်လို...ကိုဘုန်း"
"ဟယ်လို....သော်တာ့လေး...Happy Birthdayနော်"
"ကျေးဇူးပါ...ကိုဘုန်း.... ဒါနဲ့ ဒီနေ့ အားလားဟင်"
"ကိုယ်အလုပ်ပြီ6းနာရီလောက်ဆိုရင်တော့ အားပြီ။သော်တာလေး ဘာလုပ်ချင်လို့လဲ"
"အဲဆိုရင် ကိုဘုန်းV-restaurantကို လာခဲ့ပါလား။ကိုဘုန်းကို မွေးနေ့ကျွေးချင်လို့"
"အာ... ကောင်းပါပြီဗျာ။ကိုယ်လာခဲ့ပါမယ်"
"အဲဆို သော်တာ စောင့်နေမယ်နော် ကိုဘုန်း။"
"Ok ပါဗျာ"
ကိုဘုန်းနဲ့ သိခဲ့တာ ၃နှစ်လောက်ရှိပြီ။ကိုဘုန်းက အေးဆေးတည်ငြိမ်တဲ့သူ ဆိုပေမယ့် သော်တာ့ကို ညီလေးတစ်ယောက်လို ဂရုစိုက်တယ်။ကိုဘုန်းနဲ့တွေ့ပြီးမှ သော်တာ့ရဲ့ နေ့ရက်တိုင်းက အသက်ဝင်လာသလို ခြောက်သွေ့အက်ကွဲနေတဲ့ သော်တာ့ဘဝလေးက ပျော်ရွှင်မှုတွေ ပြည့်ဝလာခဲ့ရတယ်။
ကိုဘုန်းကတော့ ဖြူစင်မှုတွေအပြည့်ပေးခဲ့ပေမယ့် ကျွန်တော်ကတော့ ဖြူစင်မှုတွေကို အရောင်ဆိုးနေမိပြီထင်ပါတယ်။ဟုတ်တယ် ကျွန်တော် ကိုဘုန်းကို ချစ်နေမိပြီ ထင်ပါတယ်။သိသွားခဲ့ရင်တော့ ကျွန်တော့်ကို ကိုဘုန်း အထင်သေးသွားမှာပဲ။လူတွေ ပြောနေကျ ယောကျာ်းလေးချင်းဆိုတာ မချစ်သင့်ဘူးတဲ့။ကျွန်တော်ကတော့ ချစ်နေမိပြီလေ။ဒါပေမဲ့ ကိုဘုန်းအတွက် အနှောင့်အယှက်မဖြစ်အောင် ဒီအချစ်တွေကို ကျွန်တော့်ရင်ထဲမှာပဲ ထာဝရသိမ်းဆည်းထားလိုက်မယ်နော်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...