Part8(Z&U)

1.8K 201 35
                                    

"မင်း ဒီမှာ ဘာရပ်လုပ်နေတာလဲ"
သော်တာရှင်းသန့် အချိန်အတော်ကြာသည်အထိ အခန်းတံခါးရှေ့ ရပ်နေမိရာ ဘုန်းပြည့်လျှံဝေ အော်လိုက်မှ သတိပြန်ဝင်လာလေသည်။

"အာ...ထမင်းလာပို့တာပါ ကိုကို"

"ငါမစားဘူး ပြန်ယူသွား..ပြီးရင် အိမ်က တစ်ယောက်ယောက်ကို အသစ်လာပို့ခိုင်းလိုက်!"

"ဗျာ?"

"ပြီးတော့ ဘယ်တော့မှ ငါစားမယ့် ပန်းကန်ကို မင်းလက်နဲ့ မထိနဲ့။မင်းလက်နဲ့ ထိသမျှ အရာအားလုံး ငါရွံတယ်"

သော်တာ့ကို အမြဲနူးညံ့စွာ ကြည့်တတ်တဲ့ ကိုကို့မျက်ဝန်းတွေက ရွံမုန်းခြင်း ပြည့်နေသော မျက်ဝန်းများ အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ...

"ကိုကို...သော်တာ့ကို တကယ်မုန်းသွားပြီလားဟင်"

မမုန်းဘူးလို့ ဖြေပါစေ...
ကျေးဇူးပြုပြီး မမုန်းဘူးလို့ ဖြေပေးပါ ကိုကို...
ကိုကို သော်တာ့ကို အထင်လွှဲပြီး စိတ်တိုနေတာပဲ ဖြစ်ပါစေ...
မဖြစ်နိုင်မှန်း သိသော်လည်း...
မချစ်နိုင်မှန်း သိသော်လည်း...
မမုန်းနိုင်ဖို့ကိုပဲ ဆုတောင်းနေမိသည်။

"ဟက်..မင်းဥာဏ်များ ထိုင်းနေတာလား"

"...."

"ငါမင်းကို ပြောခဲ့တယ်မလား၊အဲလူနဲ့ တစ်ပုံစံတည်း တူတဲ့ မင်းကို ငါအရမ်းမုန်းတယ်။"

စီးကျလာသော မျက်ရည်စက်များကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး သော်တာ ချစ်ရသော/သော်တာ့ကို မုန်းသည်ဆိုသော ကိုကို့ကို ကြည့်ကာ...

"မျှော်လင့်မိခဲ့တဲ့ အဖြေတော့ မဟုတ်ပေမယ့် သော်တာ ကျေနပ်ပါတယ် ကိုကို...
ကိုကို အထင်လွှဲနေလို့ မုန်းနေတာဆိုရင်..အမှန်တရားတွေ ပေါ်လာတဲ့ တစ်နေ့ကျရင် သော်တာ့ကို ပြန်ချစ်ပေးပါ ကိုကို..."

"ဟားဟားဟားဟား"
သော်တာ မြင်ဖူးနေကြ နူးညံ့သော အပြုံးများနဲ့ ကွဲလွဲစွာ ကြောက်မက်ဖွယ်အတိ အသက်မပါသော ရယ်သံများကို ဖန်တီးနေသော ကိုကို...

"ဟက်...မင်းတော်တော်ရယ်ရတာပဲ...
မင်းလို ဂေးတစ်ယောက်ကို ငါက ပြန်ချစ်ရမယ်တဲ့လား?
မဟုတ်မှလွှဲရော မင်းကို ချစ်လို့ လက်ထပ်ထားတယ်များ ထင်နေတာလား?
စိတ်ကူးယဉ် မနေနဲ့နော် hk..
ငါက လူကြီးလူကောင်းလုပ်ရမှာမလို့ လူတွေယုံအောင် အယောင်ပြရုံပဲ ရှိတာ...ငါတို့ လက်ထပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတာ မင်းသိပါတယ်နော်?"

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now