ကစားကွင်းထဲ၌ ထမင်းမေ့၊ ဟင်းမေ့ ဆော့ကစားနေသော သော်တာရှင်းသန့်ကို ကြည့်ရင်း ဘုန်းပြည့်လျှံဝေ စိတ်ညစ်လာခဲ့ပြီ။
မနက် ၁၀နာရီခွဲ တည်းက အခုနေ့လည် ၅နာရီ အထိ..ကလေးစားစရာ Ice-cream နှင့် Unicorn Cotton Candyလေးကိုသာ အဆာပြေစားထားသည်။
ထမင်းစားချိန် ရောက်လည်း ထမင်းမစား...ကစားကွင်းကို အလွတ်ရအောင်ပဲ ပတ်နေသလား ထင်ရသော သော်တာ။
ဒါပေမယ့် ကစားကွင်းကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ကလေးလူကြီးတစ်ယောက်အတွက် ဒီလိုမျိုးက ဖြစ်နိုင်သည် ထင်၍လည်း မဆူရက်ပေ။
ပြောသာပြောနေရတာ ကိုယ် ကိုယ်တိုင်လည်း ဟိုကောင်လေးသွားတဲ့ နောက်ကိုသာ တကောက်ကောက်လိုက်နေမိသည်။
သို့သော် အဆာလွန်ပြီး နေမကောင်းဖြစ်က ပြန်၍ပြုစုပေးနေရမည်မှာ လွယ်ကူသော ကိစ္စမဟုတ်သဖြင့်...
"သော်တာ!!!ဒီလာဦး""ဟုတ်..."
အော်ခေါ်လိုက်တော့မှ အနားပြေးလာသော သော်တာ။
"ပြန်ကြရအောင်...အချိန်တော်တော်လင့်နေပြီ။မင်းလည်း ဗိုက်ဆာနေပြီ မဟုတ်လား""ကျွန်တော် မဆာသေးပါ...."
""ဂြီ""
ပါးစပ်က မဆာသေးဘူးတဲ့...ဗိုက်ကတော့ မြည်နေသတဲ့လေ။
ကျွန်တော် သိတာပေါ့...ကစားကွင်းမက်နေလို့ အစားမေ့နေတဲ့ ကလေးအကြောင်းကိုလေ....
"ဟက် သွားကြတာပေါ့..."မျက်နှာကို ရှုံ့မဲ့ ရှုံ့မဲ့ လုပ်ရင်း ခေါင်းငြိမ့်ငြိမ့်နှင့် သူ့နောက်ပါလာသော ကောင်လေးကို ကြည့်ရင်း ဘုန်းပြည့်လျှံဝေ ရယ်နေမိခဲ့သည်။ ။
"မင်း ဘာစားချင်လဲ"
"ဘာစားရမှန်းတောင် မသိတော့ဘူး။စားချင်တာတွေကတော့ အများကြီးပဲ ဟီးး"
ခုနရုပ်နှင့် မတူတော့။
ပထမတုန်းကတော့ ဘာမှ မစားချင်သလိုလို ဘာလိုလိုနဲ့ စားချင်တော့လည်း အများကြီးဆိုပဲ။တကယ်မလွယ်တဲ့ ကလေး။"ဒီလောက် ဖောင်းကားနေတာတောင် အများကြီး စားချင်နေသေးတယ်ပေါ့"
ပြောရင်းဖြင့် ထိုကလေးရဲ့ ဖောင်းအိအိ ပါးနှစ်ဖက်ကို ခပ်နာနာလေး ဆွဲညစ်လိုက်သည်။"အားးး နာတယ်လို့ ကိုကို!!"
ပါးနှစ်ဖက်ကို ပွတ်၍ သူ့ကို မျက်စောင်းထိုးကြည့်ကာ...
"ပါးက ဘာမှမစားရင်တောင် သူ့ဘာသာ အရင်တည်းက ဖောင်းတာကြီးကို...ဒီပါးလေးကို အပြစ်လိုက်ရှာနေတာပဲ အီးးဟီးး"
သူဆွဲထား၍ နီမြန်းသော ပါးနှစ်ဖက်ကို အသာပွတ်ကာ ငိုခြင်းချနေသော သော်တာရှင်းသန့်။
"ဟက် ငိုမနေနဲ့တော့...လာ ငါ့နောက်လိုက်ခဲ့"
အငိုသန်သော ဝက်ပုတ်လေးကို လက်တွဲရင်း ကားရှိရာဆီသို့...
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...