Part24(1){Z&U}

1.5K 153 21
                                    

"သော်တာ...အေးတယ်မလား။ဒီကိုလာခဲ့"
ကြောင်တောင်တောင် ပုံစံလေးဖြင့် အကောင်ငယ်လေးအား ရင်ခွင်ကျယ်ကြီးထဲ ဆွဲထည့်လိုက်သည်။
ဒီပေါက်စရဲ့ မအူမလည် ပုံစံလေးတွေ မြင်ရတိုင်း ဒီကလူကြီး အသည်းခိုက်အောင် ကြွေနေရသည်ကိုတော့ ဒင်းလေး သိနိုင်မယ် မထင်။

"အအေးမိရင် ပြန်ဖျားမှာ ဆိုးလို့ ဖက်ပေးထားတာ...လျှောက်တွေးမနေနဲ့"

"ဟုတ် မတွေးပါဘူး"
အသားယူတယ်ပဲ ပြောပြော၊ ဘာပဲ ပြောပြော 'အအေးမိမည်'ဆိုသော အကြောင်းပြချက်ပေး၍သာ ပိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။

ကြယ်တွေ စုံနေတဲ့ ကောင်းကင်ကြီးနဲ့ အတူ ဘေးနားက ကောင်လေးက အပြုံးလေးများက အသက်ဝင်နေခဲ့သည်။
သူ့အပြုံးလေးများကြောင့် ရင်ခုန်သံများသည်လည်း မရပ်တန့်နိုင်တော့...

ဒီကလေးနှင့် အခုလို ရှိနေရသော အချိန်များကို ဘုန်းပြည့်လျှံဝေ နှစ်သက်သည်။
အချစ်ဟု ခေါင်းစဉ်တပ်ထားသော မြတ်နိုးမှုသည်က ထိုကောင်လေးအတွက်ပင်။
သဝန်တိုသည်ဟု ခေါ်လားတော့ မသိ...ဒီကလေး ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကြောင့် ပြုံးရယ်နေခြင်းကို သဘောမတွေ့...
တခြားတစ်ယောက်အတွက် ဖြစ်တည်လာတဲ့ ဒီကလေး၏ မျက်ရည်များကို မမြင်ချင်လောက်အောင် မုန်းသည်။

ကလေး၏ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းမှ အစ အရာအားလုံး ကိုယ့်တစ်ယောက်တည်းအတွက်သာ ဖြစ်တည်စေချင်သည်။

အတ္တကြီးသော အချစ်လားတော့ မသိ...
သူရဲဘောကြောင်ဆဲ အချစ်လားတော့ မပြောတတ်...
ဒီကလေးအတွက် ကိုယ့်အချစ်များကို ဝန်ခံနိုင်ခြင်းတော့ မရှိသေးပေ။

မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက အခုမြင်နေရတဲ့ ကြယ်လေးတွေလို စစ်မှန်စွာ တည်ရှိနေပေမယ့် တစ်ခါတစ်ခါ ယုံကြည်မှု  ပျောက်ကွယ်သွားတဲ့အခါ မမြင်ရတော့တာမျိုးပေါ့။

အချစ်တစ်ခုကို တည်ဆောက်ဖို့ ယုံကြည်မှု လိုအပ်တယ် ဆိုရင် ကိုယ်တို့အချစ်တွေ မြဲမြံနိုင်ဖို့အတွက် ဒီယုံကြည်မှုကို ကိုယ် ကိုယ်တိုင် ရှာဖွေပါ့မယ်။ ။

မင်းရဲ့ ဖြူစင်မှုကိုတော့ ကိုယ် ယုံကြည်ပါရစေ...
.
.
.
"လာ...ပြန်ဝင်ကြရအောင်"

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now