Shinn လုပ်ငန်းစု....
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ""မင်္ဂလာပါ ဥက္ကဠရှင်း...J လုပ်ငန်းစုရဲ့ ဥက္ကဠ ဦးတောက်ထွန်းရှိန်က တွေ့ခွင့်တောင်းလို့ပါ"
ထိုနာမည်။ဒေါ်ရှင်းသီရိမေ၏ ဘဝတွင် အရွံမုန်းဆုံး။ပါးစပ်ကနေ ထုတ်ပြော၍မတန်လောက်အောင် စက်ဆုပ်ဖွယ်ကောင်းသည်။
ချစ်ရသူနှင့် ကွေကွင်းရခြင်း ဆင်းရဲ...
မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်ရခြင်း ဆင်းရဲ...
ချစ်ရသူ၏ အထင်လွှဲမှုနှင့် အမုန်းကို ကိုယ် ကိုယ်တိုင် နာကျင်စွာ ဖန်တီးခဲ့ရသော ဆင်းရဲတို့ဖြင့် ငရဲတမျှ ဘဝကို ရုပ်လုံးကြွစေခဲ့သူ။
ထိုမျှတင်မကသေး မိမိအသက်ထက်ပင် ပို၍တန်ဖိုးထားရပါသော သားဖြစ်သူကို အဖေခေါ်ခွင့်မရအောင် လုပ်ခဲ့သည့်အပြင် အသက်ကိုပါ အကြိမ်များစွာ ရန်ရှာခဲ့သေးသည်။
မုန်းသည်။သတ်ပစ်ချင်လောက်အောင် မုန်းတီးနေသော်ငြား အင်အားမမျှသေးသ၍တော့...
လူယုတ်မာ၏ ရန်မှ သားဖြစ်သူကို ကာကွယ်ရုံမှ အပ...ဤသို့ မိသားစုနှင့် ဝေးကွာရခြင်း ဒုက္ခကို လူတကာရဲ့ မိသားစုများကို ပြိုကွဲအောင် ယုတ်မာနေသော လူမဟုတ်သော မိစ္စာကောင်ကြီးကတော့ နားမလည်လောက်။
အခုလည်း ဘယ်လိုကောက်ကျစ်မှုမျိုးဖြင့် ရောက်လာဦးမလဲ မသိပေ။"ဝင်ခိုင်းလိုက်"
တုန်လှုပ်မိသော်လည်း ချစ်ရသူများကို မထိခိုက်စေရန်သာ ဉာဏ်ကို လွှာသုံးရပေတော့မည်။
.
.
👏Clap👏clap👏clap
"အိုးဟိုးး တော်လှချည်လား ဒေါ်ရှင်းသီရိမေ...သားကို နိုင်ငံခြား ပို့လိုက်တာနဲ့ပဲ ဘေးကင်းသွားပြီ ထင်တယ်ပေါ့"
ပုံမှန်ထက်ကျယ်သော လက်ခုပ်သံနှင့်အတူ ပြက်ရယ်ပြုနေသော စကားသံများက အခန်းတစ်ခုလုံး လွှမ်းခြုံသွားသည်။"ရှင် အန္တရာယ်ပေးလို့မရအောင် ကျွန်မသားလေးကို ကျွန်မ အစွမ်းကုန်ကာကွယ်မှာ"
"ဟက် ဟုတ်လား...ကောင်းပြီလေ။မင်းအစွမ်းအစရှိသလောက်လုပ်ကြည့်ပေါ့။
ဒါပေမဲ့ မင်း သားကို မင်း ကာကွယ်ပေးနိုင်ရင်တောင်မှ မင်းရဲ့အဝေးဆုံးမှာ ရှိနေတဲ့ လူတစ်ယောက်ကို ကာကွယ်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား"
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...