Part4(1)

1.8K 194 12
                                    

"မေမေရေ...ဖေဖေ...ကျွန်တော့်ကို တံခါးဖွင့်ပေးပါနော်....သားတောင်းပန်ပါတယ်...ဟင့်...အမေတို့ ထင်သလိုမလုပ်ခဲ့ရပါဘူးဗျာ...ဟင့်"

တိတ်ဆိတ်ငြိမ်သက်နေသော စံအိမ်နှင့် မလိုက်ဖက်စွာ စံအိမ်ရှေ့တွင် ဒူးထောက်ငိုကြွေးနေပါသော ကောင်လေးတစ်ယောက်။အဖော်အဖြစ် ရှိနေပေးသော မိုးစက်များနှင့် အတူ မျက်ရည်များသည်လည်း ကျဆင်းလျက်ရှိသည်။

သော်တာရှင်းသန့် ထိုနေရာတွင် အချိန်ဘယ်လောက်ကြာကြာ ငိုယိုတောင်းပန်နေမိမှန်းမသိပါ။မှောင်စပြုလာလေပြီ။မိုးရေများကြားထဲတွင် ဒူးထောက်ထား၍နာကျင်နေသော ခြေထောက်ရှိ ဝေဒနာထက် ရင်ထဲရှိ ဝေဒနာက အဆ၁၀၀မကပိုသည်။
သေမတတ်တောင်းပန်နေပါသော်လည်း အဖက်လုပ်ခြင်းပင် မခံရသဖြင့် နာကျင်လှသော ရင်အစုံကို လက်ဖြင့် ဖိထားရင်း....

ဟုတ်သားပဲ...ကျွန်တော်မေ့သွားတယ်...
ငယ်ငယ်ထဲက ကျွန်တော် ငိုရင် ချော့မဲ့သူမပြောနဲ့ အဖက်လုပ်မဲ့သူတောင် မရှိခဲ့တာကို အခုမိုးရေထဲမှာ ဒူးထောက်ငိုနေတာလောက်နဲ့ ကျွန်တော့်ဆီကို ပြေးလာရအောင် ကျွန်တော့်ကို ကျွန်တော်တန်ဖိုးရှိတယ်လို့ ထင်နေမိတာပဲ...
ကျွန်တော့်ကို ဘယ်သူမှအလိုမရှိရင်တောင် မိဘနှစ်ပါးကတော့ ကျွန်တော့်နားမှာ ရှိနေဖို့
ကျွန်တော်မျှော်လင့်ခဲ့မိတာ...
ကျွန်တော် မှားသွားတယ်...
ငယ်ငယ်လေးထဲက တစ်ခါမှတောင် မထွေးပွေ့ခဲ့ဖူးတာ အခုလိုအခြေအနေမျိုးမှာ အနားရှိနေဖို့ဆိုတာ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်တဲ့ အရာပဲလေနော်...
မေမေတို့က ကျွန်တော့်ကို အရမ်းမုန်းတာပဲမလားဟင်...
ကျွန်တော် ဘာအပြစ်တွေများ လုပ်ခဲ့မိလို့ အဲလောက်တောင် မုန်းနေရတာလဲဟင်...
အာ...ဆော်တီး...ကျွန်တော်ဥာဏ်မကောင်းလို့...
ကျွန်တော်မွေးဖွားလာတာကိုက ကျွန်တော့်ရဲ့ အကြီးမားဆုံးအပြစ်ပဲမလား..
ကျွန်တော်က ဒီကမ္ဘာမှာ အစကတည်းက မမွေးလာခဲ့သင့်ဘူးနော်...
ကျွန်တော်....ကျွန်တော် တကယ်တောင်းပန်ပါတယ်...

ရင်တွေလည်း နာလှပြီ။ငိုရလွန်းလို့ အရမ်းမောနေပြီ။အသက်ရှူရတာတောင် ခက်ခဲလာပြီ။ဘာမှကို သဲသဲကွဲကွဲမမြင်နိုင်တော့လောက်အောင် မိုးရေများနှင့်အတူ မျက်ရည်များက ဖုံးကွယ်ထားသည်။ပျော့ဖတ်လွန်းသော ခန္တာကိုယ်သည်လည်း ပင်ပန်းလွန်း၍ အနားယူချင်နေပြီ။

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now