ပြတင်းပေါက်ကို ဖြတ်၍ အခန်းကျဉ်းလေးထဲသို့ တိုးဝင်လာသော နေ၏ အလင်းတန်းကြောင့် သော်တာရှင်းသန့် အိပ်နေရာမှ မျက်လုံးဖွင့်ကာ ပတ်ပတ်လည်သို့ စောင်းငဲ့ကာ ကြည့်လိုက်လေသည်
ကြောင်တောင်တောင် ဖြစ်နေစဉ် အခန်းတံခါးဖွင့်ကာ ဝင်လာသော သူတစ်ယောက်...
"နိုးပြီလား ကလေး...နိုးရင် ဒီမြူစွမ်လေး စားလိုက်နော် ဆေးသောက်ရမှာမလို့"နှစ်လိုဖွယ် အပြုံးနှင့် အသက်၅၀အရွယ်ရှိသော အမျိုးသမီးကြီးတစ်ယောက်...လက်ထဲတွင် ကိုင်လာသော မြူစွမ်ထည့်ထားသည့် လင်ဗန်းကို ကုတင်ဘေးရှိ စားပွဲပေါ်တင်လိုက်ကာ စကားဆိုလာလေသည်။
"အဒေါ်က ဒီစံအိမ်ရဲ့ အလုပ်သမားခေါင်းဆောင်,ဒေါ်ညိုမြတင်..အကိုလေး ခေါ်သလို ဒေါ်ကြီးညိုလို့လည်း ခေါ်လို့ရတယ်..
ဒီအိမ်မှာ အဒေါ်တို့ အလုပ်လုပ်ခဲ့တာ အနှစ်၂၀လောက်ရှိရောပေါ့..အကိုလေး ငယ်ငယ်တုန်းကတည်းက ဆိုပါတော့""အာ ဟုတ်ကဲ့...တွေ့ရတာ ဝမ်းသာပါတယ် ခဗျ"
"အေးပါကွယ်..တစ်ခုခုလိုအပ်တာရှိရင် အဒေါ့်ကို ပြောနော်"
"ဟုတ်ကဲ့...ဒါနဲ့လေ ကိုကို...သွားပြီလားဟင်?"
"အကိုလေးက ၇ခွဲလောက်ဆို သွားပြီ ကလေးရဲ့...မသွားခင်တုန်းကတောင် မင်းကို သေချာဂရုစိုက်ပေးဖို့ မှာခဲ့သေးတယ်"
ကိုကိုက ကျွန်တော့်ကို စိတ်ပူတာလား?မဖြစ်နိုင်တာ ကိုကိုက ကျွန်တော့်ကိုမှ မချစ်တာ...
ဒါပေမယ့် ကျွန်တော့်ကို ဂရုစိုက်ဖို့ မှာခဲ့တယ်ဆိုတော့..ကိုကို ကျွန်တော့်ကို မမုန်းတော့ မမုန်းဘူးပဲ...ဟီး
ချစ်ဖို့ မတောင်းဆိုရဲပါဘူး ကိုကို...မမုန်းဖို့တော့ မျှော်လင့်ပါရစေ။"ကဲ..ထပြီး အစာစား၊ဆေးသောက်လိုက်ဦးနော်...ပြီးမှ ပြန်နားချင်နော် ကလေး"
"ဟုတ်ကဲ့..ဟီးး"
မနေ့က အရိုက်ခံထားရ၍ ခန္တာကိုယ်တစ်ခုလုံး ကျိန်းစပ်စပ်ဖြစ်နေသေးသည်။သို့သော် ဆေးထည့်ထားပေး၍လားမသိ၊သက်တော့ သက်သာနေပြီ။
ကုတင်ပေါ်ကထဖို့ ဒေါ်ကြီးညို၏ အကူအညီယူရသည်။ထို့နောက် ဆိုဖာပေါ်ထိုင်ကာ ချပေးသော မြူစွမ်ပြုတ်ကို အကုန်စားပြီးဆေးသောက်လိုက်သည်။
ကိုကိုက ဂရုစိုက်ပေးဖို့ မှာခဲ့တယ်ဆိုတော့ ကိုကို့စကားနားထောင်ပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရမယ်...ဟီးး
ပျော်လိုက်တာ ကိုကိုရယ်...ရထားတဲ့ ဒဏ်ရာတွေတောင် ကိုကို့စကားလေး တစ်ခွန်းကြောင့် အကုန်ပျောက်သွားပြီတဲ့...
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...