Part18{Z&U}

1.4K 169 25
                                    

တိတ်ဆိတ်ခြင်းကို အားပြုကာ ပျော်ရွှင်ခြင်းတို့ ဆိတ်သုဉ်းနေသော အနေအထားဖြင့် လက်မှိုင်ကျနေသော ကောင်လေးတစ်ယောက်။
လူရှင်းသော ဆေးရုံထောင့်ရှိ ခုံတွင်ထိုင်လျက် ခေါင်းငုံ့ကာ နောက်ကိုလည်း လျော့ယိလျော့ရဲ မှီ၍ ထားသည်။
ထိုကောင်လေး ရှေ့တော်မှောက်ရောက်လာသော ဖိနပ်ဖြူ ပိုင်ရှင် မင်းသားလေးကတော့ သခင်လေး ဘုန်းပြည့်လျှံဝေပင်။

"မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
ချိုသာခြင်းလည်း မဟုတ်...
ကြမ်းတမ်းခြင်းလည်း မရှိ...
ပြေပြစ်ပြတ်သားသော လေသံတို့ဖြင့်...

"ငါ မင်းကို ဘယ်လောက်ရှာနေရလဲ မင်းသိလား"
အလုပ်ကိစ္စ ဖုန်းပြောပြီး ပြန်အလာ...
ဆေးရုံကုတင်ပေါ်  လှဲနေသော ရှင်းရတုပိုင်မှ အပ သော်တာရှင်းသန့်၏ အရိပ်အယောင်မျှပင် မတွေ့ရ။
ဆေးရုံတစ်ခုလုံး လိုက်ပတ်ရှာတော့မှ အောက်ဆုံးထပ် လူသူမရှိသော ဆေးရုံထောင့်တွင် တစ်ယောက်တည်း မှိုင်နေကြောင်း သိခဲ့ရသည်။
တွေ့တွေ့ခြင်း ဆူပူလိုက်မည်ဟု တွေမိသော်လည်း သူ့ကို မော်ကြည့်လာသော မျက်နှာလေးသည် အရောင်နွမ်းလှသဖြင့် မဆူရက်နိုင်တော့။

"ကိုကို...အများအမြင်မှာ သော်တာက အရမ်းရွံမုန်းစရာကောင်းနေတာလားဟင်?
ဟင့် ဟုတ်မှာပေါ့နော်...ကိုကို ကိုယ်တိုင်က ပြောခဲ့တာကိုလေနော်"
သော်တာ ပြောနေရင်းဖြင့် မျက်လုံးအိမ်၌ မျက်ရည်များ ဝေ့သီလာခဲ့သည်။

"ရော့...သုတ်လိုက်"
အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါထုတ်ကာ သော်တာ့ကို ကမ်းပေးလာသော ကိုကို။

"အဲဒီမျက်ရည်တွေကို ငါမကြိုက်ဘူး..."

"ဟက် ဘာလို့လဲ။ကျွန်တော့်မျက်ရည်တွေကိုတော့ ကိုကို သဘောကျလိမ့်မယ် ထင်ထားတာ..."
သော်တာ အရွဲ့တိုက်၍ မေးလိုက်ခြင်းဖြစ်သည်။သော်တာ့ကို အထင်လွှဲနေသော ကိုကို့အဖို့  သော်တာ့မျက်ရည်များသည် ကိုကိုပျော်ရွှင်ဖို့ လုံလောက်သည် မဟုတ်ပါလား.....

"ငါမကြိုက်ဘူး...တခြားသူအတွက် ဖြစ်တည်လာတဲ့ မင်းမျက်ရည်တွေကို...
မင်းငိုရမယ်...ဒါပေမယ့် ငါ့အတွက်...ငါတစ်ယောက်တည်းအတွက်ပဲ မင်းငိုခွင့်ရှိတယ်....
မင်းနားလည်လား??"
ကိုကို့လက်များသည် သော်တာ့ပခုံးကို အကြင်နာမဲ့စွာ ဆုပ်ကိုင်ထားရင်းမှ တစ်ဖန် သော်တာ့လက်ဖဝါးကို နူးညံ့စွာ ထွေးပွေ့လိုက်ပြန်သည်....

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now