Part5{Z&U}

1.9K 213 33
                                    

သတို့သားနှစ်ယောက်၏ မင်္ဂလာပွဲ။အထူးသဖြင့် ယောကျာ်းတစ်ယောက်ကို ဆေးခပ်ရယူခဲ့သော ရွံရှာဖွယ် လက်ထပ်ပွဲမျိုးဖြစ်သဖြင့် အထင်အမြင်သေးတဲ့ မျက်လုံးများဖြင့် ချီးမြှင့်ခြင်းသာ ခံရလေသည်။

သော်တာ့အတွက် ထိုမျက်လုံးမျိုးတွေက ရိုးနေပြီဖြစ်သဖြင့် မမှုသော်လည်း ကိုဘုန်းအတွက်တော့ စိုးရိမ်မိသည်။

နံဘေးရှိ ကိုဘုန်းကို ကြည့်မိတော့ မျက်ခုံးနှစ်ခုကို တွန့်ချိုးကာ ခက်ထန်သော မျက်နှာထားဖြင့် ခန့်ညားလှသော မျက်နှာသည် နီမြန်းလျက်။

သော်တာ့ကိုတော့ တစ်ချက်ကလေးမှ လှည့်ကြည့်ကာ အသိအမှတ်ပြုခြင်း မရှိပေ။

**************
ပြီးမြောက်သွားသော လက်ထပ်ပွဲတွင် ကိုဘုန်းကိုသာ အဖတ်လုပ်နှုတ်ဆက်ကြသူများစွာ ရှိပါသော်လည်း သော်တာ့ကို လာရောက်နှုတ်ဆက်သော လူနည်းစုရှိသေးသဖြင့် သော်တာ အားဖြစ်ရပါသည်။

"သော်တာ...ဟင့်...ငါနင့်ကို ပြောမယ်နော်...နင်ပျော်အောင်နေနော်၊နင့်ကိုနင်လည်း ဂရုစိုက်နော်၊အကူအညီလိုရင် ငါ့ဆီဖုန်းဆက် ဒါမှမဟုတ် massageပို့နော်၊ယောကျာ်းရသွားပေမဲ့ ငါ့ကို မမေ့ပဲ အဆက်အသွယ်လုပ်နော်...အီးဟီးး...ပြောသာပြောရတာ နင်က နင့်လူကြီးပဲ ချစ်တာ ငါ့ကို မချစ်ဘူး...အီးးဟီးး"

သော်တာသိပါသည်။ငယ်ငယ်လေးကတည်းက နှစ်ယောက်ကမ္ဘာအပေါင်းအသင်းလုပ်ခဲ့ကြသူများမို့ ယမင်းသူဇာ သော်တာ့ကို အလွန်ခင်တွယ်သည်မှာ မဆန်းပါ။သို့သော်လည်း မင်္ဂလာဆောင်တွင် အာပြဲ လျှာပြဲဖြင့် လာငိုနေသည်မို့ အမြင်ကတ်စွာ...
"ဟာ...ယမင်းမရာ...ငါမင်္ဂလာဆောင်တာပါဟ...သေသွားတာ မဟုတ်ပါဘူး...မငိုစမ်းပါနဲ့ဟာ...ရုပ်ကြမ်းကြီးနဲ့"

သော်တာရှင်းသန့် စနောက်လိုက်သဖြင့် ယမင်းသူဇာထံမှ မျက်စောင်းလှလှတစ်ခု လက်ခံရရှိလိုက်လေသည်။

"သောက်ကောင်!!ငါကတော့ နင်နဲ့ ခွဲရတော့မှာမလို့ ငိုလိုက်ရတာ နင်ကတော့..အီးဟီးး"

"စတာပါဟာ...မငိုနဲ့တော့နော်...ငါနင့်ကို အချိန်ရရင် ရသလို အဆက်အသွဟ်လုပ်မှာပါဟာ...ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကို မေ့စရာလားလို့နော်"

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now