Part 24(2){Z&U}

1.2K 129 28
                                    

သော်တာရှင်းသန့်  မနက်ဖြန်မနက်မှာ ဆေးရုံဆင်းရမည်ဖြစ်ပြီး နောက်၂ရက်လောက်ရောက်ရင်လည်း ပထမနှစ်ဝက် စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သဖြင့် အအိပ် အစားလည်း မပျက်စေပဲ စာကိုသာ ကြိုးစားနေရသည်။
ကျောင်းပျက်ရက်များ နေသော်လည်း စာများကိုတော့ အဆင်ပြေစွာ မှတ်သားထားခဲ့သည်။
တခြားကြောင့်တော့ မဟုတ်။ကျွန်တော့်ဆီ နေ့တိုင်းလာ၍ စာကူပေးသော ယမင်းသူဇာ နှင့် ရှင်းရတုပိုင်ပေးခဲ့သော စာအုပ်လေးများကြောင့်ပင်။
ပေးခဲ့သော ရတုကတော့ စာမေးပွဲ ဖြေနိုင်အောင် ကူညီပေးမည် ဟူသော စကားကို တာဝန်ယူခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သော်တာတွေးမိသည်။
ထိုစာအုပ်လေးများကြောင့် ရတု မပိုင်နိုင်ခဲ့သော ဘာသာရပ်များကို လွယ်ကူစွာ မှတ်သားနိုင်ခဲ့သည့်အတွက် ရတု့ကို ကျေးဇူးတင်မိပါသည်။
ဟိုတယ်မှာ သော်တာ့ကို ကူညီပေးသော နေ့တည်းက စ၍ ရှင်းရတုပိုင်ကိုတော့ မတွေ့တော့ပေ။မတွေ့ဆို သော်တာရော ယမင်းပါ ကျောင်းမသွားဖြစ်သောကြောင့် ဖြစ်ပါလိမ့်မည်။
ရေနစ်နေတာ ကယ်ခဲ့ပေးတဲ့အတွက်နှင့် သော်တာ စာကျက်ရလွယ်အောင် ရတု ရေးပေးခဲ့သော စာအုပ်လေးအတွက် ကျေးဇူးတင်ကြောင်းကိုတော့ စာရေး၍သာ အန်တီမေမှ တစ်ဆင့် ပေးခဲ့ရသည်။

ရတုက ကိုယ့်ကို ဘယ်လိုသဘောထားလဲတော့ မသိပေမယ့် ရတုနှင့် သိခွင့်ရခဲ့ခြင်းကပင် သော်တာ့အတွက် ကျေးဇူးတင်စရာ ကောင်းလွန်းပေသည်။

သော်တာ စာကျက်ရလွယ်ကူစေရန် 'ရတု'ရဲ့ ကူညီပေးမှုတွေ များပြားသလို ကိုကို့ရဲ့ ဂရုစိုက်မှုတွေကလည်း သော်တာ့အတွက် များစွာအဆင်ပြေစေခဲ့သည်။

တနေ့ည သော်တာ ကိုကို့ကို ပြောပြီးတဲ့အချိန်မှ စ၍ နောက်ပိုင်းရက်များတွင် မနှင်းဝင့်လွှာ အကြောင်းရှာ၍ ဆေးရုံလာခြင်း မရှိတော့ပေ။ထို့ကြောင့်လည်း သော်တာ့စိတ်သက်သာရာ ရခဲ့သည်။

လိုလေသေးမရှိ ဂရုစိုက်ပေးပါသော ကိုကို...
အရေးတယူ ပြုစုကြင်နာပေးပါသော ကြီးညိုနှင့်...
ရယ်စရာအခြေအနေများကို ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပေးပါသော မမသွန်းတို့...
ဂရုစိုက်မှုများစွာက သော်တာ အချစ်ခံနေရသလိုပင် ခံစားရသည်။
တစ်ဘဝလုံးတွင် ဒီလိုနွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးသည် ပထမဆုံးဖြစ်သည့်အတွက် သော်တာ အိပ်မက်မက်နေသလား...?

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now