Part21{Z&U}

1.3K 161 42
                                    

သော်တာရှင်းသန့်ဆိုတဲ့ ကောင်လေးကို နှင်းဝင့်လွှာ စစမြင်ခြင်းကပင် ကြည့်မရဖြစ်ခဲ့သည်။

လူကောင်က ပျော့တိပျော့ဖတ်နဲ့... သူက ဘယ်လောက်တောင် တော်နေလို့ 'ဝင့်' ကိုကို(ဝင့်ရဲ့ ကိုကို)ကို အပိုင်သိမ်းထားနိုင်ရတာလဲ။
အမှန်တကယ်ဆို အဲအခြောက်မ ကိုကို့ကို အတင်းရယူခဲ့ရင်တောင် ကိုကိုကတော့ ငြင်းပယ်ခဲ့သင့်တယ်။အဲအကြောင်း 'ဝင့်'မေးတိုင်းလည်း ဘာမှရေရေရာရာမဖြေတဲ့ ကိုကို့ကို 'ဝင့်'လည်း နားမလည်တော့။

ကိုကိုသည်က 'ဝင့်'အချစ်ဦးပင်။'ဝင့်'ဆယ်တန်း၌ ကိုကို့ကို 'ဝင့်'ရဲ့ ဂိုက်ဆရာအဖြစ် ဖေဖေ စမိတ်ဆက်ပေးတည်းက ချစ်ခဲ့ရသူ။

ကျေးဇူးရှင်တစ်ယောက်၏ သမီးဟူ၍လည်းကောင်း၊ဂိုက်ဆရာတစ်ယောက်အဖြစ် လည်းကောင်း အစစ အရာရာ ကူညီပေးခဲ့သော်လည်း ချစ်ခြင်းကိုတော့ ငြင်းပယ်ခဲ့သည်။
'ဝင့်'နိုင်ငံခြား မသွားခင် ဖွင့်ပြောဖြစ်ခဲ့သော်လည်း ညီမလေးတစ်ယောက်ထက် မပိုဟု ဆိုသော ကိုကို့ကြောင့် 'ဝင့်'နိုင်ငံခြားသို့သာ ထွက်သွားခဲ့သည်။
'ဝင့်' လက်လျော့ခြင်းတော့ မဟုတ်။တစ်နေ့နေ့တွင်တော့ ကိုကို 'ဝင့်'ကို ပြန်ချစ်လာစေရမည်ဆို၍ မျှော်လင့်ချက်များဆုပ်ကိုင်ထားသည်။

သို့သော်လည်း 'ဝင့်'နိုင်ငံခြားရောက်တုန်း ကိုကို လက်ထပ်သွားပြီ ဆိုသော သတင်းက 'ဝင့်'ရင်ကို တုန်လှုပ်စေခဲ့သည်။
သတင်းအပြည့်အစုံကို စုံစမ်းကြည့်လေတော့မှ ထိုကောင်လေးကို ကိုကို ချစ်၍ ယူထားခြင်း မဟုတ်ပဲ...ထိုကောင်လေးသာ ကိုကို့ကို ဆေးခပ်ရယူထားခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
ဟိုကောင်လေး ဒီလောက်အောက်တန်းကျတဲ့ဟာကို ကိုကိုက ခုချိန်ထိ လက်ခံပေးထားသည်တဲ့လား။
'ဝင့်'အချစ်တွေကိုတောင် အမြဲငြင်းပယ်ခဲ့တဲ့ ကိုကိုက ဟိုကောင်လေးကို လက်ခံပေးခဲ့တဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ။

ဘာပဲဖြစ်ဖြစ် ကိုကို့အချစ်ကို 'ဝင့်'မရရင် မင်းလည်း လုံးဝ မရစေရဘူး။ကိုကို မင်းကို တစ်နေ့ထက် တစ်နေ့ပိုပိုမုန်းသွားအောင် ငါလုပ်ပေးမှာမို့ မင်းကတော့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားလိုက်ပေတော့ သော်တာရှင်းသန့်။
.
.
.
"ကျွန်တော့်ကို လက်စွပ်လေး ပြန်ပေးပါနော်"
'ဝင့်'ရှေ့မှာ ဒူးထောက်ရင်း သနားစဖွယ် ပုံစံဖြင့် လက်အုပ်ချီတောင်းပန်နေသော ကောင်လေး။

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now