ဆေးရုံသို့ အရောက် အရေးပေါ်ခန်းသို့ အမြန်ဆုံးပို့လိုက်ရသော ရှင်းရတုပိုင်။
အခြေအနေ ပြင်းထန်သဖြင့် ချက်ချင်းခွဲစိတ်ရန် လိုအပ်ကြောင်း ဆရာဝန်ကြီးက ပြောကြားလာသည်။
လိုအပ်သည့် ဖောင်များကို သော်တာရှင်းသန့် အကုန်ဖြည့်ပေးပြီးသော်လည်း ခွင့်ပြုချက် လက်မှတ်အတွက်တော့ ရတုရဲ့ မိသားစုဝင်တစ်ယောက်ကို ဆက်သွယ်ရန် လိုအပ်သည်။ရှင်ရတုပိုင်၏ ဖုန်းကို ဖွင့်ကြည့်ရာ ကံကောင်းစွာ password မခံထားသဖြင့် အလွယ်တကူ ဖွင့်ရခဲ့သည်။
သို့သော် Ph screenပေါ်တွင် နေရာယူထားသော ပုံကြောင့် လှုပ်ရှားနေသော သော်တာ့လက်ချောင်းလေးများ ရပ်တန်ခဲ့ရသည်။ထိုပုံမှာ ရတု နှင့် သူ စစတွေ့ချင်းနေ့က နှစ်ယောက် တူတူရိုက်ဖြစ်ခဲ့သော ပုံလေးပင်။ပထမဆုံး ပုံလေးဖြစ်သလို နောက်ဆုံးပုံလေးပင်လားတော့ မပြောတတ်ပေ။
သော်တာ ဓာတ်ပုံအရိုက်မခံသော ရတု မျက်နှာကို ကင်မရာဘက်သို့ အတင်းဆွဲလှည့်ကာ ခပ်မြန်မြန် ရိုက်လိုက်ရသော selfieပုံလေး။မြန်မြန် လုပ်လိုက်ရသဖြင့် ရလဒ်ကတော့ ဝါးတားတားလေးသာ။
မကြိုက်လောက်ဘူး ထင်ခဲ့သော်လည်း wallpaperပင် ထားထားသည့်အတွက် သော်တာအံ့သြမိသည်။
အဆက်အသွယ်တောင် မလုပ်တော့ပဲ မိမိကို ပစ်သွားခဲ့သည့် သူငယ်ချင်းဖြစ်သူက မိမိနှင့်ပုံကို Wallpaperထားခဲ့ရသည့် အကြောင်းကိုတော့ သတိရလာမှပဲ မေးကြည့်ရပေဦးမည်။သော်တာ ရှင်းရတုပိုင်၏ ဖုန်းContactထဲ ဝင်ကြည့်လိုက်ရာ contact ဆိုလို့ ၂ခုသာ ရှိသည်။
နံပါတ်၁ အနေနဲ့ 'Bae💔'ဟူ၍ နေရာယူထားပြီး
နံပါတ်၂ နေရာတွင်တော့ 'အလင်္ကာ(My B.F.F) 'ဟူ၍သာ....ဘာလဲ...wallpaperကြတော့ ထားထားပြီး ငါ့ဖုန်းနံပါတ်ကြတော့ မှတ်မထားပါလား။
မင်းကိုတော့ တကယ်နားမလည်တော့ဘူး...ရတုရေ။ဘာပဲဖြစ်ဖြစ် ပထမတစ်ယောက်ကိုတော့ ဆက်သွယ်၍ မရလောက်ပေ။Broken Heart emoji(💔) ထားပုံထောက်တော့ သူ့ကို အသည်းခွဲခဲ့တဲ့ ကောင်မလေးပဲ ဖြစ်မှာပေါ့။
အဲဆို ဆက်သွယ်စရာဆိုလို့ 'အလင်္ကာ'ဆိုတဲ့သူပဲ ရှိတာပေါ့။ဒါပေမယ့် B.F.Fဆိုပုံထောက်တော့ ရတု့ မိသားစုဝင်တစ်ယောက်ယောက်ကိုတော့ ဆက်သွယ်လို့ ရလောက်မှာပါ။
"ဟယ်လို"
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...