"ကိုဘုန်း....ကိုဘုန်း အဆင်ပြေရဲ့လား...ဘာဖြစ်လို့လဲ ကိုဘုန်း....နေမကောင်းဘူးလား....မျက်နှာလည်း မကောင်းဘူး"ဒီနေ့သော်တာ့မွေးနေ့အတွက် ကိုဘုန်းနဲ့ယမင်းတို့ကို ဖိတ်ကျွေးခဲ့သော်လည်း သော်တာက အရက်မသောက်တတ်သောကြောင့် ကိုဘုန်းကို အအေးဖြင့်သာ ဧည့်ခံခဲ့ရသည်။
အခုလျှင် ည၉နာရီခွဲနေပြီ ဖြစ်သည်။ယမင်းသူဇာကတော့ သူ့အိမ်က စိတ်မချသောကြောင့် ၉နာရီမထိုးခင်ကတည်းက ပြန်နှင့်လေပြီ။ထို့ကြောင့် သော်တာနှင့် ကိုဘုန်း၂ယောက်သာ ကျန်ခဲ့လေသည်။သို့သော် ကိုဘုန်းကို ကြည့်ရတာ တဖြည်းဖြည်းနှင့် ထူးဆန်းလာသည်။အိုက်လည်းမအိုက်ပဲ အင်္ကျီကြယ်သီးများကို တစ်လုံးပြီးတစ်လုံးဖြုတ်နေသည်။ကိုဘုန်း နေမကောင်းလို့များလား??
"ကိုဘုန်းး ကိုဘုန်း...နေမကောင်းဘူးလားဟင်"
"Arr.....ပူတယ်"
"ပူတယ်??နေမကောင်းတာဖြစ်နိုင်တယ်။ခန နားလိုက်ရင်တော့ သက်သာသွားမလား မသိဘူး"ဟု တွေးလိုက်ပြီး V-HOTELရှိ အခန်းတစ်ခန်းကို ငှားကာ ကိုဘုန်းအား အခန်းထဲထိ မနိုင့်တနိုင်တွဲလာလိုက်သည်။ထို့နောက် ကိုဘုန်းကို ကုတင်ပေါ်ချပေးလိုက်ပြီး
"ကိုဘုန်း ကိုယ်တွေက ပူကျစ်နေတာပဲ...ရေပတ်ဝတ်တင်ပေးခဲ့ရမလား"ဟု ပြောရင်း ရေချိုးခန်းမှာ ရေသွားခပ်အပြု နောက်ကနေ လက်ကို ဆောင့်ဆွဲခံလိုက်ရတာကြောင့် အရှိန်မထိန်းနိုင်ပဲ ကိုဘုန်းပေါ်သို့ သော်တာ့ကိုယ်လေး ပြုတ်ကျသွားလေသည်။
သော်တာ ကြောင်နေမိတုန်းမှာပင် ကိုဘုန်းက သော်တာ့ကို အုပ်မိုးကာ ရီဝေစွာ ကြည့်ရင်း ရမ္မက်ဆန်ဆန် အနမ်းများပေးလေတော့သည်။သော်တာသည် ကိုဘုန်းအား အတင်းတွန်းထုတ်သော်လည်း အင်အားချင်းမမျှသောကြောင့် အချိန်အတော်အတန်ကြာပြီးမှ အနမ်းများရပ်တန့်သွားလေသည်။
"ကိုဘုန်း....ကျွန်တော်...ကျွန်တော် ပြန်လိုက်ဦးမယ်နော်"ဟုပြောပြီး ပြန်တော့မည်ပြုစဉ် အနောက်ဘက်မှ ခန္တာကိုယ်တစ်ခုလုံးနစ်မြုပ်သွားသည်အထိ သိုင်းဖက်ခြင်းကို ခံလိုက်ရသည်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...