ဒီနေ့ဆို ကိုကိုမရှိတဲ့ ရက်သတ္တပတ်ကို သော်တာ ဖြတ်သန်းနေရတာ လေးရက်မြောက်နေ့။
ကိုကို မရှိ၍ အထီးကျန်လှသည်မှာတော့ အမှန်ပင်။
မနက်မိုးလင်း မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ တွေ့မြင်ရတဲ့ ခန့်ညားလွန်းတဲ့ ကိုကို့မျက်နှာ၊
ချွန်တွန်တွန် နှာခေါင်းလေးများနှင့်...
မထူးမပါး နှုတ်ခမ်းလေးတစ်စုံ၊
ဒီလို မင်းသားတစ်ယောက်လို မျက်နှာကျမျိုးနဲ့ ကိုကို့ပုံရိပ်တွေကို သော်တာ့ နှလုံးသားမှာ မြင်နိုင်ရုံမှ အပ...ကိုကို့ကို သတိရသည်...
မဟုတ်ဘူး...လွမ်းသည်။
မိသားစုဝင်၊ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ နေရသော်ငြား သော်တာ့ရင်ထဲရှိ ကိုကို့အတွက် လွမ်းဆွတ်မှု နေရာလပ်ကိုတော့ အစားမထိုးနိုင်ပါ။
ကိုကိုမရှိသော တစ်နေ့တာက သော်တာ့အတွက် နှစ်၁၀၀၀လောက်ပင် ကြာနေသလား...ကိုကိုကတော့ သော်တာ ကိုကို့ကို ဘယ်လောက် လွမ်းနေကြောင်း မသိ၍လား...?
ကိုကို့နှလုံးသားထဲ သော်တာ့အတွက်များ နေရာမရှိ၍လား...?
သတိချိန် မရှိအောင်ပင် အလုပ်လုပ်နေရ၍လားတော့မသိ??
ထွက်သွားသည့်နေ့ကတည်းက ကိုကို သော်တာ့ကို တစ်ချက်မဆက်သွယ်ခဲ့ပေ။
ဝမ်းနည်းမိသည်။
လွမ်းဆွတ်တမ်းတမိသော်လည်း ကိုကို့အလုပ်က သော်တာ့ထက် ပို၍အရေးကြီးလောက်သည် မဟုတ်ပါလား။
ကိုကို့ကို လိမ်လိမ်မာမာနေပါ့မည်ဟု ကတိပေးထားသော်ငြား စိတ်က ထိန်းချုပ်၍ မရနိုင်အောင် လွမ်းမျက်ရည်က အလိုလိုကျမိသည်။
ထို့အပြင် နွေးထွေးမှုနှင့် ယုယမှုတို့ ပေါင်းစပ်ထားသော ကိုကို့ရင်ခွင်ကျယ်...
ကိုကိုပြန်လာမှ ကလေးတစ်ယောက်လို မရမကတိုးဝင်ကာ ရင်ခွင်နွေးထဲ ခိုလှုံရင်း လွမ်းဆွတ်မှုတွေကို ဖြေဖျောက်ရပေဦးမည်။အခုလည်း ကိုကိုမရှိသော အခန်းတွင်းအောင်းကာ မှိုင်နေမိသော သော်တာရှင်းသန့်။
ကိုကိုဟု မှတ်ယူထားသော ဝက်ဝံရုပ်ကြီးကို ကြည့်ရင်း စကားတွေ ပြောနေမိသည်မှာလည်း အကြိမ်ကြိမ်။
ကိုကိုမရှိတဲ့ အချိန်တိုင်း ဝက်ဝံရုပ်ကို ကိုကို့အင်္ကျီဝတ်ပေးကာ အထီးကျန်တိုင်း စကားပြောတတ်ခဲ့သည်မှာ ကြာလေပြီ။
ကိုကို့အချစ်ကို သော်တာမျှော်လင့်ခွင့်ပါ့မလား မသိပေမယ့် ဒီအရုပ်လေးကိုတော့ စိတ်ကြိုက်ချစ်ခွင့်ရှိသည် မဟုတ်ပါလား။
ဒီအရုပ်လေးက တခြားတော့မဟုတ်။
သော်တာ ဆယ်တန်းအောင်တုန်းက ကိုကို ပထမဆုံးပေးခဲ့သော အရုပ်လေးပင်။
ဝက်ဝံရုပ်ဆိုသော်ငြား သော်တာ့နဲ့တိုင်းကြည့်ရင်တော့ သော်တာကပင် ပုနေသယောင်...
သော်တာ့ တစ်ရပ်စာလောက်ပင် ကြီးသည်။အရင်အိမ်မှာ ကျန်လာသော်လည်း သော်တာ ကြိုက်မှန်းသိ၍ ယူလာပေးသော မမခြယ် ကျေးဇူးကြောင့်သာ...
သော်တာ အရုပ်လေးကို ဖက်၍ ကိုကို့ကို ပြောချင်သော စကားများကို ဒီအရုပ်ကို ရင်ဖွင့်နိုင်ခဲ့လေပြီ။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...