ကိုကိုနဲ့ ကျွန်တော် စကားမပြောဖြစ်တော့တာ အခုဆို ၁လလောက်တောင် ရှိရောပေါ့။ကျွန်တော်လည်း မပြောဖြစ်သလို ကိုကိုလည်း ကျွန်တော့်ဆို တစ်ချက်လောက် လှည့်ကြည့်ရုံမှ အပ စကားတစ်ခွန်းမှ မဆိုတော့ပါ...
ပြောင်းလဲသွားတာကတော့ ဘွားဘွားညို ကျေးဇူးကြောင့် ကိုကိုနှင့်အတူ ထမင်းတစ်ဝိုင်းထဲ စားခွင့်ရခဲ့ပြီလေ။သို့သော်လည်း ခုထိ ကိုကို့မီးဖိုချောင်ကိုတော့ ထိခွင့်မပေးသေးပါ...ကျွန်တော်ရဲ့ တစ်နေ့တာကတော့...
ဝရံတာနေမှ နေ၍ အလုပ်သွား/ပြန် ကိုကို့ကို ငေးကြည့်ခြင်း...
ဧည့်ခန်းထဲမှာ စာဖတ်နေတဲ့ ကိုကို့ကို စာအုပ်ကြားမှ ချောင်းကြည့်ခြင်း...
ထမင်းဝိုင်းက ကိုကို့ကို ခိုးကြည့်ခြင်း...
ကိုကို မသိအောင် ကိုကို့ဖိနပ်တွေကို တိုက်ချွတ်ပေးထားခြင်းတို့ဖြင့်...
ကိုကို့အကြောင်းသာ စိတ်ထဲမှာ တွေးမိလျက် တစ်နေ့ တစ်နေ့မရိုးနိုင်အောင် အချိန်ကုန်နေရပါတော့တယ်။🎶မင်းကိုပဲ တစ်ဘဝလုံး ပုံအပ်မယ်...
မင်းကတော့ မသိနိုင်ပါ...
အချိန်ပြည့် တွေးထားတယ်။လှမ်းခေါ်လိုက် ဘယ်လိုအချိန်မျိုးမဆို...
မင်းလေးအနားရောက်လာမယ်...
လိုအပ်တိုင်းပေါ့။ခံစားလွယ်တတ်တယ်...
ကိုယ်အားငယ်တတ်တယ်...
တစ်ယောက်တည်း ချန်မထားနဲ့ နိုး...နိုးသဝန်လည်း တိုလွန်းတယ်...
ကိုယ်နားလည်မှုပေးမယ် မင်းအတွက်...လိုချင်တာ ယူသွားပါ...
အဆင်ပြေသလိုပြုစားကာ...
ကမ္ဘာမြေပေါ် တို့ရဲ့နေ့များ မင်းဖန်တီးပေးပါ🎶အခုလည်း ကိုကိုအလုပ်သွားချိန်ကို ငေးကြည့်ပြီးမှ အဆက်မပြတ်မြည်နေသော သော်တာ့ဖုန်းလေး ရှိရာဆီသို့...
"Moshi Moshi""Moshi Moshiလုပ်မနေနဲ့ ...သောက်ကောင် ငါ့ဆီ ဖုန်းတောင် မဆက်ဘူးနော်"
ကျွန်တော့်ဆီကို ယဉ်ကျေးစွာ ဖုန်းဆက်လာသူလေးဟာ တခြားသူတော့ မဟုတ်။ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း ယမင်းသူပင်။"ဆော်တီးပါဟာ ငါလည်း အလုပ်တွေ ရှုပ်နေတာနဲ့...ဖုန်းမကိုင်ဖြစ်တာ"
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...