"ရတု!!ရတု!!"
အတန်းထဲက ထွက်သွားခါနီး ရှင်းရတုပိုင် လက်ကို သော်တာရှင်းသန့် အတင်းဆွဲကိုင်ထားလိုက်တော့မှ သူ့ကို ပြန်လှည့်ကြည့်လာလေသည်။"ရတု!မင်း...ကန်တင်းသွားမလို့လား...ငါတို့ တူတူသွားကြမယ်လေ"
အရဲစွန့်ကာ မေးကြည့်လိုက်သော စကားအဆုံးတွင်...
"ငါမအားဘူး"
တစ်ခွန်းတည်းဖြင့် သော်တာ့လက်ကို ဖြုတ်ချကာ ပြန်လှည့်မကြည့်ပဲ အခန်းထဲက ထွက်သွားလေသည်။အခုရက်ပိုင်း ဘာကြောင့်မှန်းမသိ ရတု သူ့ကို ရှောင်နေသည်ဟု သော်တာ ခံစားမိသည်။
သူ ဘာမေးမေး၊ ဘာပြောပြော အရင်ကလို ရင်းရင်းနှီးနှီး ပြန်မဖြေတော့ပဲ 'အင်း' တစ်လုံးလောက်နှင့်သာ အဆုံးသတ်သွားရသည်။
စာမေးပွဲအတွက် သော်တာ့ကို ကူညီပေးနေသော်လည်း မေး_ဖြေ လောက်သာ ရှိသည်မို့ တရင်းတနှီးတော့ မဟုတ်ချေ။
ပထမပိုင်းတွင် ကန်တင်းတူတူထိုင်ကာ တရင်းတနှီးရှိခဲ့သော်လည်း အခုတလောတွင် ကန်တင်းထိုင်ချင်းက အစ ငြင်းပယ်နေသည်မို့....
သူငယ်ချင်းဖြစ်ခဲ့သည်မှာ ရက်ပိုင်းလောက်သာ ရှိသေးပေမယ့် စိတ်ရင်းနဲ့မို့ ဒီလို မခေါ်မပြော အခြေအနေကို စိတ်မကောင်းဖြစ်မိသည်မှာတော့ အမှန်ပင်။
သို့သော်လည်း ပြန်လည်ရင်းနှီးမှုရယူရန် မည်မျှကြိုးစားပါစေ အရာမထင်သော အခြေအနေတွင်မို့ လက်လျှော့ရန်သာ ရှိပေတော့မည်။
***********************
"ဟေ့ကောင် ရတု...တော်တော့ကွာ"တဖြတ်ဖြတ်လက်နေသော ရောင်စုံမီးေ ရာင်များကြားတွင် သွက်လက်တက်ကြွနေပါသော လူငယ်လေးများသည် ပျော်ရွှင်မြူးတူးစွာ ကခုန်နေကြသည်...
သို့သော် တစ်ယောက်သူကတော့ ပျော်ရွှင်ခြင်းကို ဆန့်ကျင်စွာ...
ဆိတ်ငြိမ်ခြင်းကို ဗဟိုပြုရင်းဖြင့်...တော်ရုံလူများ မလာနိုင်သော ဂုဏ်ရှိ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်များသာ လာကြသော နာမည်ကြီး clubတစ်ခုအတွင်းတွင်ပင်။
အခုတလော ခါတိုင်းနှင့် မတူပဲ ရောက်တာနဲ့ အပြင်းစားအရက်တွေချည်း လှိမ့်သောက်နေတတ်သော သူငယ်ချင်းဖြစ်သူကို အလင်္ကာဟိန်း သတိထားခဲ့မိသည်မှာတော့ ကြာခဲ့ပြီ...
အကြောင်းအရင်းကို မေးသော်လည်း အမေးမခံသည်မို့ ...ဒီတိုင်း ဘေးမဲ့ပေးထားရသော အခြေအနေ။
အရက်ကို ခံနိုင်ရည်ရှိသူ ဖြစ်သော်လည်း တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာသည်က မြင်မကောင်းလောက်အောင်မို့ မတား၍မဖြစ်တော့။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...